Tuesday, January 2, 2024

ကလေးမြို့တွင် ကုန်စုံဆိုင်နှင့် ကုန်သည်ပွဲစားနေအိမ် ဓားပြတိုက်ခံရဟု မဟုတ်မမှန်သတင်းများကို လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားဖြန့်ဝေနေကြောင်း တွေ့ရှိရ


 

နေပြည်တော် ဇန်နဝါရီ ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ အောင်သစ္စာရပ်ကွက်၊ မင်းရဲကျော်စွာလမ်းမပေါ်ရှိ ဒေါ်သန်းလှကုန်စုံဆိုင်နှင့် အောင်မြေမာန်ရပ်ကွက်ရှိ ကုန်သည်ပွဲစားနေအိမ်ကို ဒီဇင်ဘာ ၃၀ ရက်ညတွင် လက်နက်ကိုင်အဖွဲ့များက ဓားပြတိုက်ခဲ့သည်ဟု ပြည်ဖျက်မီဒီယာ DVB မှ သတင်းအမှားများကို လုပ်ကြံဖန်တီး ဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာကလေးမြို့ရှိ အုပ်ချုပ်ဆိုင်ရာတာဝန်ရှိသူတစ်ဦးနှင့် ရပ်ကွက်နေပြည်သူတစ်ဦး၏ပြောပြချက်အရ ဒီဇင်ဘာ ၃၀ ရက်နေ့ညက ကလေးမြို့ပေါ်တွင် ဓားပြတိုက်မှုဖြစ်စဉ် ဖြစ်ပွားမှုမရှိကြောင်း၊ အခြားလုယက်မှုဖြစ်စဉ်များလည်း ဖြစ်ပွားမှုမရှိပါကြောင်းနှင့် လုပ်ကြံသတင်းများသာဖြစ်ကြောင်း” သိရှိရပါသည်။

No comments:

Post a Comment