Tuesday, December 5, 2023

ဒုတိယ၀န်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဦး၀င်းရှိန်နှင့်ဇနီး ထိုင်းနိုင်ငံဘုရင်မင်းမြတ် ဘူမိဘောအဒူလျာဒက်ဂျ်၏မွေးနေ့၊ ထိုင်းနိုင်ငံ၏အမျိုးသားနေ့နှင့် Thailand's Father's Day အထိမ်းအမှတ်အခမ်းအနား သို့တက်ရောက်

 

ရန်ကုန် ဒီဇင်ဘာ ၅

ထိုင်းနိုင်ငံဘုရင်မင်းမြတ် ဘူမိဘော အဒူလျာဒက်ဂျ်၏မွေးနေ့၊ ထိုင်းနိုင်ငံ၏ အမျိုးသားနေ့နှင့် Thailand's Father's Day အထိမ်းအမှတ်အခမ်းအနားကို ယနေ့ညနေ(၆)နာရီတွင် ရန်ကုန်မြို့ ဒဂုံမြိုနယ် ပြည်လမ်းအမှတ်(၉၄)ရှိ ထိုင်းသံအမတ်ကြီး၏ နေအိမ်ခြံ၀န်း၌ကျင်းပရာ ဒုတိယ၀န်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဦး၀င်းရှိန်နှင့်ဇနီးတို့ တက်ရောက်ကြသည်။






ရှေးဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သီချင်းနှင့် ထိုင်းနိုင်ငံနိုင်ငံတော် သီချင်းတို့ဖြင့် အခမ်းအနားကို ဖွင့်လှစ်သည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာထိုင်းနိုင်ငံသံအမတ်ကြီး H.E.Mr.Mongkol Visitstump နှင့် ဒုတိယ၀န်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဦး၀င်းရှိန်တို့က နှုတ်ခွန်းဆက်စကားပြောကြားကြသည်။

ယင်းနောက် ပြည်ထောင်စု၀န်ကြီးနှင့်ဇနီး၊ သံအမတ်ကြီးနှင့်ဇနီးတို့သည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ဆက်လက်၍ ထိုင်းယဉ်ကျေးမှုအဖွဲ့က ထိုင်းရိုးရာယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေ တင်ဆက်ကြသည်။ ထို့နောက် သံအမတ်ကြီးနှင့်ဇနီးတို့က တက်ရောက်လာကြသူများအား ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံပြီး ထိုင်းယဉ်ကျေးမှုအဖွဲ့က ထိုင်းရိုးရာ ယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

အဆိုပါအခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှု၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဉီးတင်ဉီးလွင်၊ စွမ်းအင်၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဉီးကိုကိုလွင်နှင့်ဇနီး၊ လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဉီးမြင့်ကြိုင်၊ အလုပ်သမား၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဉီးမြင့်နောင်၊ စီးပွားရေးနှင့်ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဉီးထွန်းအုံ၊ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဉီးစိုးသိန်းနှင့်ဇနီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့်ဇနီး၊ မြန်မာနိုင်ငံဗဟိုဘဏ်ဥက္ကဌ ဒေါ်သန်းသန်းဆွေ၊ တိုင်းဒေသကြီး၀န်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာ၀န်ခံများ၊ ကုလသမဂ္ဂဆိုင်ရာ ဌာနေကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။

သတင်းစဉ်

No comments:

Post a Comment