နေပြည်တော် ဒီဇင်ဘာ ၂၂
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ယွန်းဒလင်းကုန်းကျေးရွာ၌ ကိုးနဝင်းဘုရားပွဲပြုလုပ်နေစဉ် PDF အမည်ခံအကြမ်းဖက်သမားများက လက်ပစ်ဗုံးတစ်လုံးဖြင့် ပစ်ပေါက်ဖောက်ခွဲခဲ့သဖြင့် အပြစ်မဲ့ပြည်သူတစ်ဦး သေဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မွန်ပြည်နယ် ဘီးလင်းမြို့နယ် ယွန်းဒလင်းကုန်းကျေးရွာ ဘောလုံးကွင်း၌
ကိုးနဝင်းဘုရားပွဲပြုလုပ်နေစဉ် ယနေ့နံနက် ၁ နာရီ ၁၅ မိနစ်တွင် PDF အမည်ခံအကြမ်းဖက်သမား
နှစ်ဦးသည် ကော့ကဒွတ်ရွာဘက်မှ ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး ဘောလုံးကွင်းတောင်ဘက်
မီတာ ၅၀ ခန့်အကွာမှ လက်ပစ်ဗုံးတစ်လုံးဖြင့် ပစ်ပေါက်ဖောက်ခွဲခဲ့ သဖြင့် အပြစ်မဲ့ပြည်သူ
တစ်ဦး သေဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ ထိခိုက်ဒဏ်ရာရရှိသူများအား တောင်စွန်းလူမှုကူညီကယ်ဆယ်ရေး အသင်းယာဉ်ဖြင့်
ဘီးလင်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူလျက်ရှိကြောင်းနှင့် အပြစ်မဲ့ပြည်သူများ
သေဆုံးထိခိုက်ဒဏ်ရာရရှိအောင် လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား ထိရောက်စွာအရေးယူနိုင်ရေးနှင့်
နယ်မြေတည်ငြိမ်အေးချမ်း ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ
ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments:
Post a Comment