Wednesday, December 6, 2023

ဆေးတက္ကသိုလ်(၂)ရန်ကုန်နှင့် ဂျပန်နိုင်ငံ Niigata University တို့အကြား နားလည်မှုစာချွန်လွှာ သက်တမ်းတိုးလက်မှတ်ရေးထိုး

 


နေပြည်တော် ဒီဇင်ဘာ ၅

ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ဆေးတက္ကသိုလ်(၂) ရန်ကုန်နှင့် ဂျပန်နိုင်ငံ Niigata University တို့အကြား ပညာရပ်ဆိုင်ရာနယ်ပယ်များတွင် အကျိုးတူပူးပေါင်းဆောင်ရွက်ရန် ငါးနှစ်သက်တမ်းရှိ နားလည်မှုစာချွန်လွှာ (Agreement for Cooperation) သက်တမ်းတိုး လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို ယနေ့တွင် နေပြည်တော်ရှိ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၌ ကျင်းပသည်။

တက်ရောက်

အဆိုပါလက်မှတ်ရေးထိုးပွဲသို့ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ထွန်း၊ ဆေးတက္ကသိုလ် (၂) ရန်ကုန်ပါမောက္ခချုပ်၊ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာနမှ ဌာနဆိုင်ရာအကြီးအကဲများ၊ Niigata University, Division of International Health မှ Professor Reiko Saito နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

လက်မှတ်ရေးထိုး

ဦးစွာ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က တက္ကသိုလ်နှစ်ခုတို့၏ ယခင်ပူးပေါင်းဆောင်ရွက်နိုင်ခဲ့မှုနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ရေး လက်မှတ်ရေးထိုးနိုင်မှုအပေါ် ဝမ်းမြောက်ကြောင်း အဖွင့်အမှာစကားပြောကြားပြီး နှစ်ဖက်တက္ကသိုလ်ကိုယ်စားလှယ်များက လက်မှတ်ရေးထိုးကြသည်။

အဆိုပါနားလည်မှုစာချွန်လွှာအရ ဆေးတက္ကသိုလ် (၂) ရန်ကုန်နှင့် Niigata University တို့သည် သုတေသနလုပ်ငန်းများတွင် အဓိကပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်ပြီး သင်ကြားရေးဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ အပြန်အလှန်စေလွှတ်ခြင်း၊ ပညာရေးဆွေးနွေးပွဲများနှင့် အခြားပညာရပ်ဆိုင်ရာနယ်ပယ်များတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment