နေပြည်တော် ဒီဇင်ဘာ ၄
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် အပြည်ပြည် ဆိုင်ရာ ကြက်ခြေနီကော်မတီ (International Com-mittee of the Red Cross-ICRC)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်ဖြစ်သူ Ms. Elena Ajmone Sessera ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ရုံးအမှတ် (၄၁)၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၂) ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ်
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့်
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (Interna-tional Committee of the Red Cross-ICRC) ၏
မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်ဖြစ်သူ Ms. Elena Ajmone Sessera တို့သည်
လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်ရေးကိစ္စနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ
နိုင်ငံတကာဥပဒေများ လိုက်နာရေးကိစ္စရပ်များနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်
No comments:
Post a Comment