Wednesday, December 13, 2023

ဒုတိယမြို့တော်ဝန် ဦးညီညီ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီe-Government Training အမှတ်စဉ် (၁၆) သင်တန်းဆင်းအမှာစကားပြောကြား


ရန်ကုန် ဒီဇင်ဘာ ၁၂

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ e-Government Training အမှတ်စဉ်(၁၆) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့တော်ခန်းမပထမထပ်ရှိ အစည်းအဝေးခန်းမကြီး၌ပြုလုပ်ရာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ(ဒုတိယမြို့တော်ဝန်)ဦးညီညီတက်ရောက်၍ သင်တန်းဆင်း အမှာစကားပြောကြားပြီး သင်တန်းဆင်းအောင်လက်မှတ်နှင့် ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်သည်။

အဆိုပါ သင်တန်းသို့ ရန်ကုန်မြို့တော်စည်ပင်သာယာ‌ရေး ကော်မတီရှိဌာနများ၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးနှင့် တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့တို့မှ ဝန်ထမ်းသင်တန်းသား ၂၃ ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ရက်သတ္တခြောက်ပတ်ကြာသည်။

ယင်းနောက် ဒုတိယမြို့တော်ဝန်သည်တာဝန်ရှိသူများနှင့်အတူ မရမ်းကုန်းမြို့နယ် အမှတ်(၃) ရပ်ကွက် ကျိုက်ဝိုင်းဘုရားလမ်းနှင့် မင်းဓမ္မလမ်းထောင့်ရှိ အမျိုးသားပြန်လည်သန်စွမ်းရေးဆေးရုံဝင်းအတွင်း သန့်ရှင်းသာယာသပ်ရပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ လမ်းမတော်မြို့နယ်အမှတ် (၈) ရပ်ကွက် အောင်ရတနာလမ်းဘေး ကျုံးကြီးမြောင်းအတွင်း ရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်နေမှု၊ သာကေတမြို့နယ် ဧရာဝဏ်အဝိုင်းနှင့်ရှုခင်းသာမြို့ပတ်လမ်းအကြား ရှုခင်းသာလမ်း လမ်းသားတိုးချဲ့ ကွန်ကရစ်ခင်းနေမှု၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် (၆၁) ရပ်ကွက်အတွင်းရှိ ရတနာလမ်းနှင့် မြနန္ဒာလမ်းကြား ချင်းတွင်းလမ်း ကွန်ကရစ်ခင်းနေမှုနှင့် သရက်ပင်ချောင်ကျေးရွာအနီး နောက်ဆုံးစွန့်ပစ်အမှိုက်ပုံ (Final Disposal Site-FDS) တည်ဆောက် ရေးစီမံကိန်းလုပ်ငန်း ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှု စစ်ဆေးပြီးလိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ် 

No comments:

Post a Comment