Wednesday, December 13, 2023

ရွာငံတွင် တော်လှန်ရေးရဲဘော်​၏ မိသားစုဝင် ၈ ဦး ဓားစာခံအဖြစ် ဖမ်းဆီးခံရ ဟု DVB မှ ကောလာဟလသတင်းရေးသားဖြန့်ဝေ


 

နေပြည်တော် ဒီဇင်ဘာ ၁၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ အလယ်ချောင်ကျေးရွာတွင် နေထိုင်သည့် ဒေသခံ ၈ ဦးကို တပ်မတော်က ဒီဇင်ဘာလ ၁၂ ရက်နေ့က ဓားစာခံအဖြစ် ဖမ်းဆီးသွားသည်ဟု ကောလာဟလ သတင်းများကို လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရပါသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးထံ ဆက်သွယ်မေးမြန်းရာ “တပ်မတော်က ရွာသားများအား ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခြင်းမရှိပါကြောင်း၊ သတင်းအမှားသာဖြစ်ကြောင်း သိရှိရပါသည်။ တရားမဝင်ပြည်ဖျက်မီဒီယာများသည် တပ်မတော်နှင့် ဒေသခံပြည်သူများအကြား အထင်အမြင်လွဲမှားစေနိုင်သော သတင်းတု သတင်းမှားများကို လုပ်ကြံဖန်တီးရေးသားဖြန့်ဝေနေခြင်းသာ ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment