ပန်းတနော် ဒီဇင်ဘာ ၁၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် ယနေ့မွန်းလွဲပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)သို့ ရောက်ရှိပြီး ခင်းကျင်းပြသထားသည်များကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ လမ်းညွှန်မှာကြားပြီး(Community Centre)သို့ လာရောက်လေ့လာကြသည့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအားပေးစကားပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် ပန်းတနော်မြို့ရှိ ဦးသန့်စာကြည့်တိုက် အဆောက်အဦသို့ ရောက်ရှိပြီး အဆောက်အဦဆောက်လုပ်ပြီးစီးမှု အခြေအနေကိုကြည့်ရှုစစ်ဆေးကာ အလှူငွေကျပ်သိန်း(၁၀၀) လှူဒါန်းပေးအပ် ခဲ့ကြောင်းသိရသည်။
(သတင်းစဉ်)






No comments:
Post a Comment