နေပြည်တော် ဒီဇင်ဘာ ၇
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်တို့ ပူးပေါင်း၍ ဒီဇင်ဘာ ၅ ရက်မှ ၈ ရက်အထိ ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဖလားနှင့် (၆၆) ကြိမ်မြောက် အမျိုးသားတံခွန်စိုက် (ဝန်ကြီး ဌာနပေါင်းစုံ) ပြေးခုန်ပစ်ပြိုင်ပွဲကို ယနေ့နံနက် ၇ နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိ အားကစားကွင်းနှင့် လေ့ကျင့်ရေးကွင်းအမှတ်(၁)တို့၌ ကျင်းပရာ အားကစားနှင့် လူငယ် ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့် ကာယ ပညာဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ မြန်မာနိုင်ငံ ပြေးခုန်ပစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးကြသည်။
ယှဉ်ပြိုင်ကစား
ယနေ့ပြိုင်ပွဲ
ပွဲစဉ်များအဖြစ် (အမျိုးသမီး- ၇ မျိုးစုံ) ပြိုင်ပွဲ၊ (အမျိုးသား/အမျိုးသမီး)သံလုံးပစ်
ပြိုင်ပွဲ၊ (အမျိုးသား/အမျိုးသမီး) မီတာ-၅၀၀၀ပြိုင်ပွဲ၊ အမျိုးသားတုတ်ထောက်ခုန်ပြိုင်ပွဲ၊
(အမျိုး သား/ အမျိုးသမီး) မီတာ-၄၀၀ တန်းကျော်ပြေးပြိုင်ပွဲ၊ (အမျိုး သား+အမျိုးသမီး)
မီတာ (၄၀၀x၄) လက်ဆင့်ကမ်းပြိုင်ပွဲ၊ (အမျိုး သား/အမျိုးသမီး) မီတာ- ၈၀၀ ပြိုင်ပွဲ၊
(အမျိုးသား/အမျိုးသမီး) မီတာ - ၂၀၀ပြိုင်ပွဲ၊ အမျိုးသမီး အလျားခုန်ပြိုင်ပွဲများကို
ယှဉ်ပြိုင်ကစားခဲ့ကြသည်။
စံချိန်သစ်များတင်နိုင်
ယနေ့ပြိုင်ပွဲ
ပွဲစဉ်များဖြစ်သည့် အမျိုးသားသံလုံးပစ် ပြိုင်ပွဲတွင် ထက်ဝေယံ (ပြည်ထဲရေး) သည် ၁၅ ဒသမ
၀၂ မီတာဖြင့် ၂၀၀၃ ခုနှစ် အောင်မိုးဝင်း (မြို့တော်/စည်ပင်) ၏ စံချိန် ၁၄ ဒသမ ၀၇ မီတာထက်
သာလွန်ကောင်းမွန်ပြီး စံချိန်သစ် တင်နိုင်ခဲ့သည့်အပြင် အမျိုးသား မီတာ ၂၀၀ ပြိုင်ပွဲတွင်
ထက်ရှိုင်း အောင် (စည်ပင်) ၏ Hand Timing ၂၁ ဒသမ ၂၅ စံချိန်သည် ၁၉၉၃ ခုနှစ်၊ ကျော်ထူးအောင်
(ဟိုတယ်/ခရီး) ၏ ဖိလစ်ပိုင်နိုင်ငံ တွင် ရရှိသော Electronic Time ၂၁ ဒသမ ၃၄ စံချိန်ထက်သာလွန်၍လည်းကောင်း
ဝန်ကြီးဌာနစံချိန်သစ်များ တင်နိုင်ခဲ့သည်။
ပြိုင်ပွဲများအပြီးတွင်
ဆုချီးမြှင့် ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲများတွင် ဆုရရှိကြသူများကို
တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ဒီဇင်ဘာ
၈ ရက်တွင် စတုတ္ထ နေ့ ပြေးခုန်ပစ်ပြိုင်ပွဲ ပွဲစဉ်များကို နံနက် ၆ နာရီ မှစတင်၍ ဝဏ္ဏ
သိဒ္ဓိဘောလုံးအားကစားကွင်းနှင့် လေ့ကျင့်ရေး ကွင်းအမှတ် (၁) တို့၌ ဆက်လက်ကျင်းပသွားမည်
ဖြစ်ပြီး အားကစားဝါသနာရှင်များအနေဖြင့် မည်သူမဆို အခမဲ့လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်း
သိရသည်။
သတင်းစဉ်

No comments:
Post a Comment