Friday, December 22, 2023

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ကုက္ကိုရဲစခန်းကို ၄၀ မမဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်မှု ကြောင့် ဘန်ကာအတွင်း ကျရောက်ပေါက်ကွဲပြီး ရဲတပ်ဖွဲ့ဝင် ၈ ဦး သေဆုံးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

 


နေပြည်တော် ဒီဇင်ဘာလ ၂၂

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ကုက္ကိုရဲစခန်းကို ဒီဇင်ဘာလ ၂၁ ရက်နေ့က အကြမ်းဖက် သောင်းကျန်းသူများမှ ၄၀ မမဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဘန်ကာအတွင်း ကျရောက်ပေါက်ကွဲပြီး ရဲတပ်ဖွဲ့ဝင် ၈ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိ ရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ မြင်းခြံမြို့နယ်၊ ကုက္ကိုရဲစခန်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက် အရ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် မည်သည့်ဗုံးကွဲမှုနှင့် လက်နက်ကြီးဗုံးသီးများ ကျရောက်ပေါက်ကွဲမှု မရှိခဲ့ကြောင်း၊ တပ်ဖွဲ့ဝင်များအနေဖြင့် လုပ်ငန်းတာဝန်များကို ပုံမှန်အတိုင်းဆောင်ရွက်လျက်  ရှိကြောင်း သိရှိရပါသည်။

တရားမဝင်ပြည်ဖျက်မီဒီယာများသည် လူမှုကွန်ရက်စာမျက်နှာများကို အသုံးပြု၍ လုံခြုံရေးတပ်ဖွဲ့ဝင်များ ထင်ယောင်ထင်မှားဖြစ်စေရန် သတင်းတု၊ သတင်းအမှားများကို လုပ်ကြံ ရေးသားပြီး အကြမ်းဖက်လုပ်ရပ်များကို အားပေးအားမြှောက် ပြုလုပ်နေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment