Monday, December 11, 2023

မကွေးတိုင်းဒေသကြီးအတွင်း နှမ်းရိုးအခြေခံ သဘာဝမြေဩဇာ ထုတ်လုပ်နေမှုကို ဒုတိယဝန်ကြီး ဦးမြင့်စိုး အားပေးကြည့်ရှု

 


နေပြည်တော် ဒီဇင်ဘာ ၁၀

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများ နှင့်အတူ ယမန်နေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး ဆင်ပေါင်ဝဲမြို့နယ် ချောင်းကောက် ကျေးရွာသို့ သွားရောက်ပြီး အောင်ကောင်းမြတ် လယ်ယာကုန်ထုတ်နှင့် အထွေထွေစီးပွားရေး လုပ်ငန်း သမဝါယမအသင်းက ဆောင်ရွက်နေသော နှမ်းရိုးအခြေခံ သဘာဝမြေဩဇာ ထုတ်လုပ် နေမှုကို ကြည့်ရှုအားပေးပြီး ဒုတိယဝန်ကြီးက အသင်းအနေဖြင့် နှမ်းရိုးအခြေခံသဘာဝမြေဩဇာ ထုတ်လုပ်ရာတွင် အကျိုးအမြတ်ကို အဓိကမထားဘဲ ဒေသခံတောင်သူများ၏ စိုက်ခင်းများသို့ အရောက်သွားပြီး တောင်သူပိုင် နှမ်းရိုးများ၊ နွားချေး၊ ဖွဲကြမ်း၊ ဖွဲနုတို့ကို အသုံးပြုပြီး တင်လဲရည်၊ EM ဖျော်ရည်များဖြင့် သဘာဝမြေဩဇာများ ထုတ်လုပ်နိုင်အောင် ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းမှာကြားသည်။


ယင်းနောက် ဒုတိယဝန်ကြီးသည် နှမ်းရိုးအခြေခံ သဘာဝမြေဩဇာ ထုတ်လုပ်မှုလုပ်ငန်းစဉ် အဆင့် ဆင့်နှင့် အသင်းပိုင်နွားမွေးမြူရေးခြံတို့ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ဆင်ပေါင်ဝဲမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် သမန်းကြီး - ကုက္ကိုစမ်း - ညံတောအင်းကျေးရွာ ချင်းဆက်လမ်း ၃ မိုင် ၆ ဖာလုံ မြေနီခင်းခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးပြီး ၎င်းမြေနီလမ်းနှင့် ကုက္ကိုစမ်းကျေးရွာဆက် လမ်းအရှည်တစ်မိုင်ကို ဆက်လက်လျာထားဆောင်ရွက်ပေးရန်၊ သမန်းကြီး ကျေးရွာတွင် ဆီထွက်သီးနှံ ဧက ၆၀၀၀ ကျော်နှင့် သပြေစမ်းကျေးရွာတွင် ဆီထွက်သီးနှံ ဧက ၄၀၀၀ ကျော်ရှိသဖြင့် စိုက်ပျိုးရေးသမဝါယမအသင်းများ ဖွဲ့စည်းစိုက်ပျိုးကြရန် မှာကြားကာ လုပ်ငန်း လိုအပ်ချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ဆင်ပေါင်ဝဲမြို့တွင် တာဝန်ထမ်းဆောင်နေသော ဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့်တွေ့ဆုံကာ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက် ပေးသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် ပေပင်စမ်းကျေးရွာ သောက်သုံးရေ ရရှိရေးအတွက် ရေဂါလန် ၂၄၀၀ ဆံ့ စင်မြင့်ရေစင် တည်ဆောက်ပြီး ပေ ၇၀၀ စက်ရေတွင်းနှင့် ဆိုလာရေတင်စနစ်ဖြင့် ရေဖြန့်ဝေခြင်းလုပ်ငန်းများ၊ မကွေးမြို့ သမဝါယမစာရင်းရေး စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း RC နှစ်ထပ် စာသင်ဆောင်၊ လေးခန်းတွဲ နှစ်ထပ်သင်တန်း သားအိပ်ဆောင်၊ လေးခန်းတွဲ နှစ်ထပ် သင်တန်းသူအိပ်ဆောင်၊ ပေ ၄၀၀ စက်ရေတွင်းတူးဖော်ခြင်းနှင့် ဂါလန် ၁၀၀၀၀ ဆံ့ ရေစုကန် ဆောက်လုပ်နေမှုတို့ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးသည်။ ယင်းနောက် သင်တန်း ပထမနှစ်နှင့် ဒုတိယနှစ်တွင် တက်ရောက်ပညာသင်ယူနေကြသော သင်တန်းသားများ၊ သင်တန်းသူများကို တွေ့ဆုံအားပေးစကား ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်အား သွားရောက် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် နှမ်းရိုး အခြေခံသဘာဝမြေဩဇာ ထုတ်လုပ်နေမှုအခြေ အနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ညှိနှိုင်းမှာကြား ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment