နေပြည်တော် ဒီဇင်ဘာ ၄
ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဟိုချီမင်းမြို့၌ နိုဝင်ဘာ ၂၅ ရက်မှ ၃၀ ရက်အထိ ကျင်းပပြုလုပ်ခဲ့ သည့် 7th World Vovinam Championships ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် မြန်မာဗိုဗီနမ် အားကစားအဖွဲ့သည် ဒီဇင်ဘာ ၂ ရက် ည ၁၀ နာရီ မိနစ် ၅၀ တွင် ရန်ကုန်သို့ ပြန်လည်ရောက်ရှိကြသည်။
အဆိုပါ အားကစားအဖွဲ့အား ရန်ကုန်တိုင်းဒေသကြီး
အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန
အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦး၊
အားကစားနှင့် ကာယပညာ ဦးစီးဌာန၊ အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး၊
ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊
မြန်မာနိုင်ငံဗိုဗီနမ်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရဲမြင့်နှင့် အမှုဆောင်များ၊
တာဝန်ရှိသူများ၊ အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းမှ ကျောင်းသား
ကျောင်းသူများနှင့် မိဘဆွေမျိုးများက ဝမ်းပန်းတသာ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
ပြန်လည်ရောက်ရှိလာသည့် အောင်ပွဲရ မြန်မာ
ဗိုဗီနမ်အားကစားအဖွဲ့မှ Pair
Machete Form Male ပြိုင်ပွဲတွင် အောင်ခိုင်လင်းနှင့် ဟိန်းထက်အောင်တို့အတွဲက
ရွှေတံဆိပ်တစ်ခု၊ ၅၁ ကီလိုတန်း (အတိုက်) ပြိုင်ပွဲတွင် နှင်းသက်ဝေက ရွှေတံဆိပ်
တစ်ခု၊ Four Element
Staff Form ပြိုင်ပွဲတွင် တင်ထူးဇော်က ငွေတံဆိပ်တစ်ခု၊ 3 Male, 3 Female ပြိုင်ပွဲတွင်
တင်ထူးဇော်၊ ကျော်သူစိုးအောင်၊ ဟိန်းထက်အောင်၊ ချစ်နိုဒီဆောင်း၊ မေဟန်နီအောင်လွင်နှင့်
အိန္ဒြေဖူးတို့အတွဲက ငွေတံဆိပ်တစ်ခု၊ Ying Yang Sword Form Female ပြိုင်ပွဲတွင်
မေဟန်နီအောင်လွင်က ငွေတံဆိပ်တစ်ခု၊ ၅၄ ကီလိုတန်း (အတိုက်) ပြိုင်ပွဲတွင်
မင်းမင်းထိုက်က ကြေးတံဆိပ် တစ်ခု၊ Female Self Defense (အပြ) ပြိုင်ပွဲတွင်
အောင်ခိုင်လင်းနှင့် ချစ်နိုဒီဆောင်းတို့အတွဲက ကြေးတံဆိပ်တစ်ခု၊ Pair Sword Form Male ပြိုင်ပွဲ
တွင် တင်ထူးဇော်နှင့် ကျော်သူစိုးအောင်တို့အတွဲက ကြေးတံဆိပ်တစ်ခု၊ Ying Yang Sword Form Male ပြိုင်ပွဲတွင်
ဟိန်းထက်အောင်က ကြေးတံဆိပ်တစ်ခု၊ Male Ying Yang Sword Form Team 4 ပြိုင်ပွဲတွင်
အောင်ခိုင်လင်း၊ ဟိန်းထက်အောင်၊ ကျော်သူစိုးအောင်နှင့် တင်ထူးဇော်တို့အတွဲက ကြေးတံဆိပ်တစ်ခု၊
Male multiple training
-01male athlete defends against 03 others with wespon ပြိုင်ပွဲတွင်
အောင်ခိုင်လင်း၊ ဟိန်းထက်အောင်၊ ကျော်သူစိုးအောင် နှင့် တင်ထူးဇော်တို့အတွဲက ကြေးတံဆိပ်တစ်ခု၊
Cross form female ပြိုင်ပွဲတွင်
ချစ်နိုဒီဆောင်းက ကြေးတံဆိပ်တစ်ခု၊ One female athlete defense against 3 male athlete with weapon
ပြိုင်ပွဲတွင် မေဟန်နီအောင်လွင်၊ အောင်ခိုင်လင်း၊ တင်ထူးဇော်
နှင့်ကျော်သူစိုးအောင်တို့အတွဲက ကြေးတံဆိပ်တစ်ခု၊ Pair knife form male ပြိုင်ပွဲတွင်
အောင်ခိုင်လင်းနှင့် ဟိန်းထက်အောင်တို့အတွဲက ကြေးတံဆိပ် တစ်ခုရရှိခဲ့ပြီး မြန်မာဗိုဗီနမ်အသင်းအနေဖြင့်
ရွှေတံဆိပ် နှစ်ခု၊ ငွေတံဆိပ်သုံးခု၊ ကြေးတံဆိပ်ကိုးခု စုစုပေါင်း ဆုတံဆိပ် ၁၄ ခု
ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment