Thursday, December 7, 2023

ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ပျဉ်းမနားခရိုင် မြန်မာ့စီးပွားရေးဘဏ်နှင့် ပျဉ်းမနားမြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများ ကြည့်ရှုစစ်ဆေး

 


နေပြည်တော် ဒီဇင်ဘာ ၆

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းသည် ယမန်နေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ပျဉ်းမနားခရိုင် မြန်မာ့စီးပွားရေးဘဏ်နှင့် ပျဉ်းမနားမြို့နယ် အခွန်ဦးစီးဌာနမှူးရုံးများကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ဒုတိယဝန်ကြီးသည် မြန်မာ့စီးပွားရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့နှင့်အတူ ပျဉ်းမနားခရိုင် မြန်မာ့စီးပွားရေးဘဏ်ကို ကြည့်ရှုစစ်ဆေးပြီး ဘဏ်လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များ၊ ချေးငွေတိုးမြှင့် ထုတ်ချေးနိုင်ရေး၊ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ လွယ်ကူလျင်မြန်စွာ ဆောင်ရွက်ပေးနိုင်ရေးနှင့် ပင်စင်လစာထုတ်ယူသူများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်ပေးနိုင်ရေး၊ ဘဏ်လုံခြုံရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးတို့နှင့် စပ်လျဉ်း၍ မှာကြားကာ ဝန်ထမ်းများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ပျဉ်းမနားမြို့နယ် အခွန်ဦးစီးဌာနမှူးရုံးသို့ သွားရောက်စစ်ဆေးပြီး အခွန်ရငွေများ တိုးမြှင့်ကောက်ခံရရှိနိုင်ရေး နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ အခွန်နှုန်းများကို တိုးမြှင့်ခြင်းမပြုဘဲ အခွန်တိုးချဲ့ဖော်ထုတ်နိုင်သည့် နည်းလမ်းများ ရှာဖွေဖော်ထုတ်ရေး၊ လျာထားချက်ထက်ပြည့်မီကျော်လွန်အောင် ကောက်ခံနိုင်မည့်အခြေအနေများ၊ တိုးတက်လာသည့် နည်းပညာများကို အသုံးပြု၍ အခွန်တိုးချဲ့ကောက်ခံနိုင်မည့် နည်းလမ်းများကို ရှာဖွေဖော်ထုတ်ကြရေးမှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

သတင်းစဉ်

No comments:

Post a Comment