Saturday, December 23, 2023

သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအတွက် အလှူငွေများ ဆက်လက်လှူဒါန်း

 ရန်ကုန် ဒီဇင်ဘာ ၂၂

မြန်မာနိုင်ငံစာရေးဆရာအသင်းက ၁၃၈၅ ခုနှစ် မြန်မာနိုင်ငံ စာဆိုတော်နေ့အထိမ်းအမှတ် (၃၆) ကြိမ်မြောက် သက်ကြီးစာပေပညာရှင် ၂၇၈ ဦးအား ပူဇော်ကန်တော့ရန်အတွက် စေတနာရှင်များက အလှူငွေများ ဆက်လက်လှူဒါန်းလျက်ရှိရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အလှူငွေကျပ် သိန်း ၁ဝဝ ၊ ပြန်ကြားရေးဝန်ကြီးဌာနက အလှူငွေကျပ် ၂၅ သိန်း၊ မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီနှင့် Nation Light ကုမ္ပဏီလီမိတက်တို့က ငွေကျပ် ၁၀ သိန်းစီ၊ သံအမတ် ကြီးဒေါက်တာလှမောင် (ဖောင်ဒေးရှင်း) က ငွေကျပ် ၇ဝဝဝဝဝ နှင့် ငွေကျပ်သိန်း ၃၀ တန်ဖိုးရှိ ကျန်မာရေးစစ်ဆေးခွင့်ကတ်အခု ၂၀၊ အမျိုးသားစာပေတစ်သက်တာဆုရ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး) + ဒေါ်ခင်အေးမူမိသားစုက ငွေကျပ်နှစ်သိန်း၊ ဆရာမကြီးဒေါက်တာ မတင်ဝင်း (ပညာရေးတက္ကသိုလ်) သား-ထင်လင်းကျော်၊ သမီး-နန့်ချစ်ကြည်နှင့် ဦးဇော်အောင်ချို (မိုးစွန်ကြယ်စာပေ) တို့က ငွေကျပ် တစ်သိန်းစီ၊ ဦးအောင်သန်းဦး (ပုသိမ်အောင်သန်းဦး) -ယဉ်မွှေးပန်း (ဟဲဟိုး) ၊ ဦးနိုင်လင်းထွန်း- စာရေးဆရာမ မြတ်နိုးရှင်း၊ ဒေါက်တာ သိန်းဝင်း (မြသာဝင်း) ၊ ဆရာရေနံ့သာမောင်ကျော်ညွန့်၊ အလုံမြို့နယ် စာရေးဆရာအသင်း၊ ဟင်္သာတမြို့နယ်စာရေးဆရာအသင်းနှင့် ရေကြည်မြို့နယ်စာရေးဆရာအသင်းတို့က ငွေကျပ်ငါးသောင်းစီ၊ စမ်းချောင်းမြို့နယ်စာရေးဆရာအသင်းက ငွေကျပ်သုံးသောင်း၊ သဉ္ဇာလှိုင် (လားရှိုး) က ငွေကျပ်တစ်သောင်း အသီးသီးပေးအပ်လှူဒါန်းကြရာ အသင်းဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)၊ ဒုတိယဥက္ကဋ္ဌ (၁) ဦးမျိုးထွန်း (မောင်စိမ်းနောင်-လယ်ဝေး) ၊ အတွင်းရေးမှူး ဦးညွန့်တင် (မောင်ငြိမ်းသူ- ကြို့ပင်ကောက်) ၊ တွဲဖက်အတွင်းရေးမှူးများဖြစ်ကြသော ဦးအောင် သန်းဦး (ပုသိမ်အောင်သန်းဦး) နှင့် ဦးအောင်ကြည် (အောင်ကြည်ညွန့် - တက္ကသိုလ်) တို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်၍ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်းသိရသည်။

သတင်းစဉ်

No comments:

Post a Comment