Monday, December 11, 2023

ရခိုင်ပြည်နယ်သို့ ပြန်လည်ထူထောင်ရေးပစ္စည်းများ ပေးပို့

 

နေပြည်တော် ဒီဇင်ဘာ ၁၁  

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်သို့ ပြန်လည်ထူထောင်ရေးပစ္စည်းများကို ရေယာဉ်၊ လေယာဉ်၊ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိရာ MV Charity ရေယာဉ်သည် ကာကွယ်ရေးဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ ပေးပို့သည့် အမိုးဒိုင်းသံချောင်း (Lip Channel) (၆၅၇)တန်၊ ဒေါင့်သံ(၈၅)တန်၊ အုတ်(၂၄၀၀၀)လုံး၊ ထရန်စဖော်မာ(၈)လုံး၊ မော်တော်ယာဉ်(၆)စီး၊ ပရိဘောဂပစ္စည်း(၇)တန်၊ ဆန်အိတ်(၂၀၂၉၀)နှင့် စားအုန်းဆီ ပီပါ(၃၁၀) အပါအဝင် စုစုပေါင်းတန်ချိန် (၂၀၉၃ ဒသမ ၀၃၅) တင်ဆောင်၍ ယနေ့မွန်းလွဲပိုင်းတွင် The Myanmar Terminal (TMT) ဆိပ်ခံတံတားမှ စစ်တွေမြို့သို့ ထွက်ခွာသွားကြောင်း သတင်းရရှိသည်။









ရခိုင်ပြည်နယ် စစ်တွေမြို့သို့ မေ ၁၆ ရက်မှစ၍ ယနေ့အထိ တပ်မတော်စစ်ရေ ယာဉ်များအပါအဝင် ရေယာဉ်(၄၁)စီးဖြင့် ဆောက်လုပ်ရေးသုံးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ဆေးဝါးနှင့်ကျန်းမာရေးပစ္စည်း၊ လူသုံးကုန်နှင့် စားသောက်ကုန်များပါဝင်သော ကူညီကယ်ဆယ်ရေးပစ္စည်း စုစုပေါင်း (၅၇၇၂၉ ဒသမ ၅၁၆)တန်နှင့် ဒီဇယ် (၂၄၉,၇၆၂)ဂါလံ၊ Octane 92 (၁၉၉,၈၈၆) ဂါလံ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment