Tuesday, December 12, 2023

ရေလုပ်ငန်းလုပ်ကိုင်ရန် ပို့ဆောင်၍ လုပ်အားခခေါင်းပုံဖြတ်ရယူခဲ့သူများအား လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ်ချမှတ်

 

နေပြည်တော် ဒီဇင်ဘာ ၁၁

ရေလုပ်ငန်းလုပ်ကိုင်ရန်ပို့ဆောင်၍ လုပ်အားခခေါင်းပုံဖြတ်ရယူခဲ့သူများအား လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်နေ ဝင်းကို()အရှည်ကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်နေ ဒေါ်နီနီဝင်း()မဗိုက်တို့က ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်နေ မောင် ----၊ ၁၆/၂၀၂၁ နှစ်အား ငါးဖမ်းစက်လှေတွင် ရေလုပ်သားအဖြစ်လုပ်ကိုင်ပါက လစာကောင်းကြောင်း၊ အလုပ်ရှာပေးမည်ဟု စည်းရုံးပြောဆို၍ဖျာပုံမြို့ရှိ ကြည်ပြာလှိုင်းစက်လှေသို့ ပို့ဆောင်ကာ လုပ်အားခငွေကျပ် ၁၀ သိန်းအား ခေါင်းပုံဖြတ်ရယူခဲ့သဖြင့် လှိုင်သာယာ (အနောက်ပိုင်း)မြို့မရဲစခန်း () ၉၇/၂၀၂၁၊ လူကုန်ကူးမှု တားဆီးကာကွယ် ရေးဥပဒေပုဒ်မ ၂၄ ဖြင့် အမှုရေးဖွင့်ခဲ့ပြီး အင်းစိန်ခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ဒီဇင်ဘာ ၈ ရက်က တရားခံဝင်းကို()အရှည်ကြီးနှင့် ဒေါ်နီနီဝင်း()မဗိုက်တို့အား လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့ကြောင်း သိရ သည်။

သတင်းစဉ်

No comments:

Post a Comment