Wednesday, December 27, 2023

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲ ပဉ္စမနေ့ အမျိုးသား၊ အမျိုးသမီးဘော်လီဘော ဗိုလ်လုပွဲပွဲစဉ်များ ဆက်လက်ကျင်းပ

 


နေပြည်တော် ဒီဇင်ဘာ ၂၆

ပညာရေးဝန်ကြီးဌာန ဆရာ အတတ်ပညာဦးစီးဌာန ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲ အမျိုးသမီးဘော်လီဘောဗိုလ်လုပွဲစဉ်များကို ယနေ့နံနက် ပိုင်းမှစတင်ပြီး နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း (C)ရုံ၌ ယှဉ်ပြိုင်ကစားကြသည်။

အဆိုပါဗိုလ်လုပွဲ ပွဲစဉ်ယှဉ်ပြိုင်ကစားနေမှုများကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ‌‌ဒေါက်တာမိုးဇော်ထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်ပညာရေးဒီဂရီ ကောလိပ်အသင်းများ၊ အုပ်ချုပ်သူ၊ နည်းပြများနှင့် ကျောင်းသား ကျောင်းသူများ လာရောက်ကြည့်ရှုအားပေးကြသည်။

အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် ရန်ကုန်ဇုန်(က)အသင်းက ပထမ၊ မန္တလေးဇုန်(က)အသင်းက ဒုတိယ၊ မန္တလေးဇုန်(ခ)အသင်းက တတိယ၊ ရန်ကုန်ဇုန်(ခ) အသင်းက နှစ်သိမ့်ဆုများရရှိကြပြီး ပြိုင်ပွဲများအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက တံခွန်စိုက်ဒိုင်းဆု၊ ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိကြသည့်အသင်းများအား ဆုများပေးအပ်ချီးမြှင့်ကြသည်။

အလားတူ အမျိုးသား ဘော်လီဘော ဗိုလ်လုပွဲစဉ်များကို ယှဉ်ပြိုင်ကစားကြပြီး ဆုရရှိသည့် အသင်းများအား တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်ခဲ့သည်။

သတင်းစဉ်

No comments:

Post a Comment