နေပြည်တော် ဒီဇင်ဘာ ၂၅
ပညာရေးဝန်ကြီးဌာန ဆရာအတတ်ပညာဦးစီးဌာန ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေး ဒီဂရီကောလိပ်ပေါင်းစုံအားကစားပြိုင်ပွဲအား နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ အားကစားရုံ တို့တွင် ဆက်လက်ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းမှစတင်ပြီး စတုတ္ထနေ့ပွဲစဉ်များအဖြစ် သက်ဆိုင်ရာအားကစားနည်းများအလိုက် သတ်မှတ်ထားသောနေရာများတွင် ယှဉ်ပြိုင်ကစားကြသည်။
ပညာရေးဒီဂရီ ကောလိပ်ပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ၏
တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲ ပွဲစဉ်များ ကို ယနေ့နံနက်ပိုင်းတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း
(C) ရုံ၌ ယှဉ်ပြိုင်ကစားကြရာ
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာဇော်မြင့်၊
ဒေါက်တာမိုးဇော်ထွန်း၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်
ဒေါက်တာဝင်းထွန်း၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်၊ ဆရာအတတ်ပညာဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ် ဒေါ်နှင်းကြည်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပညာရေး ဒီဂရီကောလိပ်
ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် ပညာရေးဒီဂရီကောလိပ်အသင်းများ၊
အုပ်ချုပ်သူ၊ နည်းပြများနှင့် ကျောင်းသား ကျောင်းသူများ လာရောက်ကြည့်ရှုအားပေးကြသည်။
ပိုက်ကျော်ခြင်းပြိုင်ပွဲအပြီးတွင် မန္တလေးဇုန် (ခ) အသင်းက ပထမ၊ ရန်ကုန်ဇုန် (ခ) က
ဒုတိယ၊ မန္တလေးဇုန် (က) အသင်းက တတိယ၊ ရန်ကုန်ဇုန် (က) အသင်းက နှစ်သိမ့်ဆုများ
ရရှိကြသည်။
ပြိုင်ပွဲများအပြီးတွင် ဆုရရှိကြသူများအား
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာဇော်မြင့်၊
ဒေါက်တာမိုးဇော်ထွန်း၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်
ဒေါက်တာဝင်းထွန်း၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်တို့က
ဆုများနှင့် ပိုက်ကျော်ခြင်းတံခွန်စိုက်ဒိုင်းဆုကို ချီးမြှင့်ပေးကြသည်။
ယနေ့နံနက် ၇ နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းတွင်
ကျင်းပသည့် ပြေးခုန်ပစ်ပြိုင်ပွဲ၌ အမျိုးသားမီတာ ၁၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသမီးမီတာ
၁၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသားမီတာ ၁၅၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသမီးမီတာ ၁၅၀၀
အပြေးပြိုင်ပွဲ၊ အမျိုးသားသံပြားပစ်ပြိုင်ပွဲ၊ အမျိုးသမီး သံပြားပစ်ပြိုင်ပွဲ ပွဲစဉ်များကို
ကျင်းပကြရာ အမျိုးသား မီတာ ၁၀၀ အပြေးပြိုင်ပွဲတွင် မောင်ချစ်မိုးဟိန်း (ဘားအံ) က
ပထမ၊ မောင်ပြည့်စုံအောင် (ဘိုကလေး) က ဒုတိယ၊ မောင်မင်းထက် အောင် (စစ်ကိုင်း)က တတိယရရှိကြသည်။
အမျိုးသမီး မီတာ ၁၀၀ အပြေးပြိုင်ပွဲတွင် မစုပြည့်ပြည့်ဦး (ထားဝယ်) က ပထမ၊ မဆုနံ့သာအောင်
(ဘားအံ) က ဒုတိယ၊ မအိရွှေစင်ထက် (စစ်ကိုင်း) က တတိယရရှိကြပြီး အမျိုးသား မီတာ ၁၅၀၀
အပြေးပြိုင်ပွဲတွင် မောင်ရင်ကိုဦး (သင်္ဃန်းကျွန်း) က ပထမ၊ စိုင်းသီဟစိုး (ဘားအံ) က
ဒုတိယ၊ မောင်ဝိုင်းထက် ကျော်နိုင် (လှည်းကူး) က တတိယရရှိကြပြီး အမျိုးသမီး မီတာ
၁၅၀၀ အပြေးပြိုင်ပွဲတွင် မသဇင်စိုးစံ (ထားဝယ်) က ပထမ၊ မနန်းစုထွေး (စစ်ကိုင်း) က ဒုတိယ၊
မထက်ထက်ဝင်း (ဘားအံ) က တတိယရရှိကြသည်။
အမျိုးသား သံပြားပစ်ပြိုင်ပွဲတွင် မောင်ကျော်စွာဦး
(ဘားအံ) က ပထမ၊ မောင်မျိုးမြတ်သူ (ဘိုကလေး) က ဒုတိယ၊ မောင်ဇင်သူအောင် (မကွေး) က
တတိယ ရရှိကြပြီး အမျိုးသမီး သံပြားပစ်ပြိုင်ပွဲ တွင် မသီသီဟန် (မကွေး) က ပထမ၊
မဇူးဇူးအောင် (ဘိုကလေး) က ဒုတိယ၊ မဝသုန်ဦး (ဘားအံ) က တတိယဆုများကို ရရှိကြပြီး
ဆုရရှိကြသူများအား ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြသော ဒေါက်တာဇော်မြင့်၊
ဒေါက်တာမိုးဇော်ထွန်း၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်
ဒေါက်တာဝင်းထွန်း၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးကျော်စွာသွင်တို့က ဆုများကို
ချီးမြှင့်ပေးကြသည်။
မွန်းလွဲ ၃ နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ
လေ့ကျင့်ရေးကွင်း အမှတ် (၃) ၌ ပညာရေးဒီဂရီ ကောလိပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ
တတိယနေရာလုပွဲစဉ်ကို ရန်ကုန်ဇုန် (က) အသင်းနှင့် ရန်ကုန်ဇုန် (ခ) အသင်းတို့
ယှဉ်ပြိုင်ကစားကြရာ ရန်ကုန်ဇုန် (က) အသင်းက ရန်ကုန်ဇုန် (ခ) အသင်းကို ငါးဂိုး - နှစ်ဂိုးဖြင့်
အနိုင်ရရှိခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments:
Post a Comment