Tuesday, December 12, 2023

ရွှေတိဂုံစေတီတော်၏ ဝင်ကြေးအလှူငွေ အမေရိကန်ဒေါ်လာသန်း ၂၀ ကျော်နှင့် ဗိုလ်တထောင်စေတီ၏ အလှူငွေနှင့်ဝင်ကြေး အမေရိကန်ဒေါ်လာများကို အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၂၁၀၀ ငွေလဲနှုန်းဖြင့် တန်ဖိုးဖြတ်၍ မြန်မာကျပ်ငွေများပြန်လည်ထုတ်ပေးခဲ့သည်ဟု သတင်းတု၊ သတင်းမှားများ ဝါဒဖြန့်ရေးသားလျက်ရှိ

 


နေပြည်တော် ဒီဇင်ဘာ ၁၁

ရွှေတိဂုံစေတီတော်ကြီးသို့ လှူဒါန်းထားသော အလှူငွေများနှင့် ဝင်ကြေးများမှ ဘဏ်များတွင် အပ်ငွေအဖြစ် အပ်နှံထားသော အမေရိကန်ဒေါ်လာများကို တစ်ဒေါ်လာ လျှင် ငွေကျပ် ၂၁၀၀ နှုန်းဖြင့် တန်ဖိုးဖြတ်သိမ်းယူပြီး မြန်မာကျပ်ငွေများ ပြန်လည်ထုတ်ပေးခဲ့ကြောင်း၊ ထို့အတူဗိုလ်တထောင်စေတီ၏ အလှူငွေနှင့်ဝင်ကြေး အမေရိကန်ဒေါ်လာများကိုလည်း တစ်ဒေါ်လာလျှင် ငွေကျပ် ၂၁၀၀ ငွေလဲနှုန်းဖြင့် တန်ဖိုးဖြတ်၍ မြန်မာကျပ်ငွေများ ပြန်လည်ထုတ်ပေးခဲ့ကြောင်း ဂေါပကအဖွဲ့၊ ဘဏ္ဍာရေးနှင့်နီးစပ်သော သတင်းအရင်းအမြစ်က ပြောသည်ဟု လုပ်ကြံသတင်းတုများအား တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit မှ လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။


အဆိုပါ အကြောင်းအရာနှင့်ပတ်သက်၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ အကြမ်းဖက်အားပေး တရားမဝင်ပြည်ဖျက်မီဒီယာတစ်ခုဖြစ်သည့် Khit Thit Meida မှ ဘာသာရေးဆိုင်ရာ စေတီ ပုထိုးများနှင့်ပတ်သက်၍ မဟုတ်မမှန်ဝါဒဖြန့်ချိမှုများ ပြုလုပ်ခြင်းဖြစ်ပြီး သတင်းအမှားသာဖြစ်ကြောင်း သိရှိရသည်။

တရားမဝင် ပြည်ဖျက်မီဒီယာများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများတွင် သတင်းတု၊ သတင်းမှားများ၊ လုပ်ကြံသတင်းများကို နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် ပြည်သူများမှ အထင်အမြင်လွဲမှားစေရန် ရည်ရွယ်ချက်ရှိရှိ သွေးထိုးလှုံ့ဆော်ကာ ရေးသားဖြန့်ဝေနေခြင်းသာ ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment