Wednesday, December 13, 2023

၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းသားအားကစားပွဲတော် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကျင်းပ

 

နေပြည်တော် ဒီဇင်ဘာ ၁၂

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အခြေခံပညာ ကျောင်းသားအားကစားပွဲတော် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်း ဗိုလ်လုပွဲပွဲစဉ်များကို ယနေ့နံနက် ၈ နာရီမှ စတင်၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းအတွင်းရှိBoxing Indoor Stadium လက်ဝှေ့ အားကစားရုံနှင့် သက်ဆိုင်ရာ အားကစားနည်းအလိုက် သက်မှတ်ထားသည့် ကွင်းရုံများတွင် ဆက်လက်ယှဉ်ပြိုင်ကစား ကြသည်။

အားပေးကြည့်ရှု

အဆိုပါပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှုများကို ကျောင်းသားအားကစားပွဲတော် ကျင်းပရေးဦးစီး ကော်မတီဥက္ကဋ္ဌပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းနှင့် တာဝန်ရှိသူများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် ပြိုင်ပွဲဝင်အားကစား မောင်မယ်များ၊ အုပ်ချုပ်သူနည်းပြ ဆရာ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်အားပေးကြည့်ရှုကြသည်။

ချီးမြှင့်ပေးအပ်

ဝဏ္ဏသိဒ္ဓိအားကစားကွင်းလက်ဝှေ့ရုံတွင်ကျင်းပသည့် ပိုက်ကျော်ခြင်းပြိုင်ပွဲအပြီးတွင်အမျိုးသမီးအသင်းအလိုက် ပထမဆုကို မွန်၊ ဒုတိယဆုကို ပဲခူး၊ တတိယဆုကို မန္တလေးတို့က ရရှိကြပြီး အမျိုးသားအသင်းလိုက်ပထမဆုကို စစ်ကိုင်း၊ ဒုတိယဆု ကို ရန်ကုန်၊ တတိယဆုကို မကွေးတို့ကရရှိကြသည်။ ဆုများကိုကျောင်းသားအားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပညာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး၊ ကျောင်းသားအားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီ အတွင်းရေးမှူး အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က ချီးမြှင့်ပေးအပ်ကြသည်။

ယှဉ်ပြိုင်ကစား

ထို့ပြင် ယနေ့နံနက်မှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်း (A) ရုံတွင် အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲများကို ကျင်းပရာ အမျိုးသမီး ဘော်လီဘော ပြိုင်ပွဲတွင်မန္တလေးက ကရင်ကို သုံးပွဲပြတ်ဖြင့်လည်းကောင်း၊ တနင်္သာရီကမကွေးကို သုံးပွဲပြတ်ဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။ အမျိုးသားဘော်လီဘော ပြိုင်ပွဲတွင် ကချင်က မကွေးကို သုံးပွဲ- တစ်ပွဲဖြင့် လည်းကောင်း၊ မန္တလေးကရှမ်းကိုသုံးပွဲ- တစ်ပွဲ ဖြင့်လည်းကောင်း အနိုင်ရရှိကြသည်။ အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ တတိယနေရာနှင့် ဗိုလ်လုပွဲပွဲစဉ်များကို ဒီဇင်ဘာ ၁၄ ရက်တွင် ယှဉ်ပြိုင်ကစား သွားမည်ဖြစ်သည်။

ဝဏ္ဏသိဒ္ဓိအားကစားကွင်း(C) ရုံတွင် အမျိုးသား၊ အမျိုးသမီး ဘတ်စကက်ဘော ပြိုင်ပွဲများကို ဆက်လက်ကျင်းပခဲ့ပြီးဘောလုံးပြိုင်ပွဲများကို ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဘောလုံးလေ့ကျင့်ရေး ကွင်းအမှတ်(၁) နှင့် ကွင်းအမှတ် (၃) တို့တွင် ယနေ့နံနက် ၇ နာရီ မှစတင်၍ အမျိုးသား၊ အမျိုးသမီးဘောလုံးပွဲစဉ်များကို ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်


No comments:

Post a Comment