Thursday, December 21, 2023

သရက်ချောင်းမြို့ ညောင်ဇင်ကျေးရွာရှိ နေအိမ်များကို ဝင်ရောက်မွှေနှောက်၍ တန်ဖိုးရှိပစ္စည်းများ အတင်းအဓမ္မရယူခဲ့သော စစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု လူမှုကွန်ရက်စာမျက်နှာတွင် သတင်းတု၊ သတင်းမှားများ ဖြန့်ဝေလျက်ရှိ


 

နေပြည်တော် ဒီဇင်ဘာ ၂၀

တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ် ညောင်ဇင်ကျေးရွာအတွင်းရှိ နေအိမ်များကို ဒီဇင်ဘာ ၁၇ ရက်က ဝင်ရောက်မွှေနှောက်၍ တန်ဖိုးရှိပစ္စည်းများ အတင်းအဓမ္မရယူခဲ့သော စစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ပြည်ဖျက်မီဒီယာတစ်ခုဖြစ်သည့် Than Lwin Times မှ မဟုတ်မမှန် ကောလာဟလ သတင်းမှားများကို လူမှုကွန်ရက်စာမျက်နှာတွင် ဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

အဆိုပါ သတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာနယ်မြေမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ဒီဇင်ဘာ ၁၇ ရက်တွင် တပ်မတော်မှ သရက်ချောင်းမြို့နယ် ညောင်ဇင်ကျေးရွာသို့ သွားရောက်ခဲ့ခြင်းမရှိကြောင်းနှင့် မိုင်းဆွဲတိုက်ခိုက်ခံရသည်ဆိုသည်မှာလည်း သတင်းအမှားသာဖြစ်ကြောင်း သိရှိရသည်။

သို့ဖြစ်ပါ၍ အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများအနေဖြင့် တပ်မတော်အပေါ် ဒေသခံပြည်သူများ အထင်အမြင်လွဲမှားစေရန်အတွက် သတင်းတု၊ သတင်းမှားများကို လူမှုကွန်ရက်ပေါ်တွင် လုပ်ကြံရေးသား ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment