Wednesday, December 6, 2023

မော်လမြိုင်မြို့အခြေစိုက် တိုင်းစစ်ဌာနချုပ်ရှိ ရဟတ်ယာဉ်ထားရှိသည့်နေရာအား ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်သဖြင့် ရဟတ်ယာဉ်များ ထိခိုက်ပျက်စီးသွားကြောင်း ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

 

နေပြည်တော် ဒီဇင်ဘာ ၅

မွန်ပြည်နယ် မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရှိ ရဟတ်ယာဉ်ထားရှိရာနေရာကို ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရဟတ်ယာဉ်များ ထိခိုက်ပျက်စီးမှုရှိသည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာများတွင် လူမှုကွန်ရက်စာမျက်နှာပေါ်၌ မဟုတ်မမှန်ရေးသားဖြန့်ဝေနေကြောင်း တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ ဒီဇင်ဘာ ၄ ရက် မွန်းလွဲ ၁ နာရီ ၅၅ မိနစ်တွင် အကြမ်းဖက်သမားများက ဒရုန်းဖြင့်ရမ်းသမ်းတိုက်ခိုက် ထွက်ပြေးသွားကြောင်း၊ လူ၊ အဆောက်အအုံနှင့် ဝေးကွာသောနေရာတွင် ကျရောက်ခဲ့ပြီး လူ၊ အဆောက်အအုံနှင့် ယာဉ်များ ထိခိုက်မှုမရှိကြောင်း တာဝန်ရှိသူများ၏ပြောကြားချက်အရ သိရှိရသည်။

ရည်ရွယ်ချက်ရှိရှိ ရေးသားဖြန့်ဝေနေ

အကြမ်းဖက်သမားများကမြို့၊ ရွာများကို အလစ်အငိုက်ဝင်ရောက် တိုက်ခိုက်လာပြီး အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေချိန်၌ မြို့ပြများတွင် အေးချမ်းတည်ငြိမ်နေသည်ကို မလိုလားသည့် တရားမဝင် ပြည်ဖျက်မီဒီယာအချို့မှ မီဒီယာကျင့်ဝတ်များကို လိုက်နာစောင့်ထိန်းမှုမရှိဘဲ မှန်ကန်မှုမရှိသည့် သတင်းတု၊ သတင်းအမှားများကို ရည်ရွယ်ချက်ရှိရှိ ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment