နေပြည်တော် ဒီဇင်ဘာ ၆
ကရင်ပြည်နယ် ရွှေကျင်မြို့နယ် မယ်ဝေါခီးကျေးရွာမှ ဒေသခံပြည်သူနှစ်ဦးအား ဒီဇင်ဘာ ၃ ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးသတ်ဖြတ်ခဲ့သည်ဟု လူမှုကွန်ရက်စာမျက်နှာများပေါ်၌ မဟုတ်မမှန် လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့် ပတ်သက်၍ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးနှင့် နယ်မြေတည်ငြိမ်အေးချမ်းမှုကို လိုလားသည့် ဒေသခံတစ်ဦးတို့အား ဆက်သွယ်မေးမြန်းချက်များအရ ဒီဇင်ဘာ ၃ ရက်တွင် အဆိုပါကျေးရွာနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ လှုပ်ရှားမှုမရှိကြောင်း၊ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များသာ ရံဖန်ရံခါဝင်ရောက်၍ ဆက်ကြေးကောက်ခံခြင်း၊ အတင်းအဓမ္မ လူသစ်စုဆောင်းခြင်း၊ ၎င်းတို့၏ တောင်းဆိုမှုများ ရရှိခြင်းမရှိပါက အကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခြင်းများကို လုပ်ဆောင်လေ့ရှိကြောင်း သိရှိရသည်။
တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် မြေပြင်ဖြစ်စဉ်သတင်းမှန်များကို ပြည်သူလူထုအထင်အမြင်လွဲမှားစေရန် ပြည်သူများကို သတင်းအဆိပ်ခတ်ဝါဒ ဖြန့်နေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments:
Post a Comment