နေပြည်တော် ဒီဇင်ဘာ ၄
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင် အလှူရှင်ပြည်သူများက အလှူငွေများ ပေးအပ်လှူဒါန်းလျက်ရှိသည့်အပြင် စားသောက်ဖွယ်ရာများကိုလည်း ပေးပို့လှူဒါန်းလျက်ရှိသည်။
ယနေ့တွင်လည်း စေတနာရှင် အလှူရှင်ပြည်သူများက
အရှေ့မြောက်တိုင်းစစ် ဌာနချုပ်နယ်မြေအတွင်း နိုင်ငံတော်ကာကွယ်ရေးနှင့်
လုံခြုံရေးတာဝန်များ ထမ်းဆောင်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက်
ပဲထမင်းဘူးများကို ပေးအပ်လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူပြီး လားရှိုးမြို့မှတစ်ဆင့် တပ်မတော်မော်တော်ယာဉ်များ၊
ရဟတ်ယာဉ်များဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ဝယ်အရောက် လိုက်လံပို့ဆောင်ပေးကြသည်။
စေတနာရှင်ပြည်သူများ လှူဒါန်းသည့်
ပဲထမင်းဘူးများနှင့်အတူ ရဟန်းသံဃာများနှင့် ပြည်သူများက ရေးသားပေးပို့သည့် “
တပ်မတော်သားများ ဘေးရန်ကင်းကွာ စိတ်ချမ်းသာကြပါစေ၊ တိုက်ပွဲတိုင်း အောင်မြင်ပါစေ၊ တိုင်းပြည်ရန်စွယ်ဟူသမျှကို
အမြစ်ပါမကျန် ချေမှုန်းနိုင်ကြပါစေ” စသည့် ဆုတောင်းမေတ္တာစာလွှာများပါရှိကြောင်း
သတင်းရရှိသည်။
No comments:
Post a Comment