Saturday, December 23, 2023

ထားဝယ်အရှေ့တော ဒေသခံ ၅ ဦးထက်မနည်းဖမ်းဆီးခံရဟု မဟုတ်မမှန်သတင်းများ လူမှုကွန်ရက်တွင် ရေးသားဖြန့်ဝေလျက်ရှိ

 

နေပြည်တော် ဒီဇင်ဘာ ၂၃

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ဟိန္နားကျေးရွာအနီးရှိ ဥယျာဉ်ခြံလုပ်သား အမျိုသား ၅ ဦးကို လာရောက်ဖမ်းဆီးသွားသည် ဟု Than Lwin Times လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာနယ်မြေရှိ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ထားဝယ်မြို့နယ်၊ ဟိန္နားကျေးရွာအနီးရှိ ဥယျာဉ်ခြံလုပ်သား အမျိုးသား ၅ ဦးကို ဖမ်းဆီးသွားသည် ဆိုသည့်သတင်းမှာ သတင်းအမှားသာဖြစ်ကြောင်း သိရှိရသည်။

သို့ဖြစ်ပါ၍ တရားမဝင်ပြည်ဖျက်မီဒီယာများသည် မှန်ကန်မှုမရှိသည့် ကောလာဟလသတင်းများဖြင့် မြို့၊ ရွာ အေးချမ်းတည်ငြိမ်မှု ပျက်ပြားစေရန်နှင့် ကျေးလက်နေပြည်သူများ ကြောက်ရွံ့ထိတ်လန့်မှုများ ဖြစ်ပေါ်လာစေရန်အတွက် သတင်းတု သတင်းမှားများကို ရည်ရွယ်ချက်ရှိရှိ ဝါဒဖြန့်ချီနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment