Wednesday, December 13, 2023

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

 


နေပြည်တော် ဒီဇင်ဘာ ၁၂

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုးသည် ယနေ့မွန်းလွဲပိုင်းတွင် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုနယ်မြေ နေပြည်တော်ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဇမ္ဗူသီရိမြို့နယ် တဲကြီးကုန်းကျေးရွာ၊ အလျင်လို ကျေးရွာ၊ အောင်ဇမ္ဗူရပ်ကွက်၊ ရှားတောကျေးရွာ၊ ဂုဏ်မင်းအင်းကျေးရွာတို့မှ သမဝါယမအသင်းသားတောင်သူများနှင့်တွေ့ဆုံရာ ပြည်ထောင်စုနယ်မြေ နေပြည်တော် သမဝါယမဦးစီးဌာနဦးစီးမှူးက

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးအထွက် နှုန်းကိစ္စများ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ထောက်ပံ့ခဲ့သည့် သွင်းအားစုနှင့် ညီမျှသောငွေအတွက် ပြန်လည်ပေးသွင်းမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဓာတ်မြေဩဇာနှင့် သွင်းအားစုများထောက်ပံ့ရာတွင် တောင်သူများလက်ဝယ်သို့ သတ်မှတ်ဈေးနှုန်းများအတိုင်း ရောက်ရှိ ရေး မှာကြား၍ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက် ပေးပြီး သမဝါယမအသင်းသား တောင်သူများ၏ မိုးစပါးရိတ်သိမ်းနေမှုကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ် တဲကြီးကုန်းကျေးရွာအုပ်စုနှင့် ဂုဏ်မင်းအင်းကျေးရွာမှ ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး နေပြည်တော် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးက ဂုဏ်မင်းအင်းကျေးရွာ၌ သောက်သုံးရေရရှိရေးစက်ရေတွင်းတူးဖော်မှု၊ အမြင့်တင် ရေစင်တည်ဆောက်ပြီးစီးမှု၊ ရေပိုက်လိုင်းသွယ်တန်းမှု၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြီး ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဂုဏ်မင်းအင်းကျေးရွာ၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့သော အိမ်ခြေ ၂၇၅ အိမ်၊ လူဦးရေ ၁၀၀၀ ကျော်အတွက် အကျိုးပြုပေးနိုင်မည့်စက်ရေတွင်း တူးဖော်ခြင်း၊ အမြင့်တင်ရေစင်တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment