နေပြည်တော် ဒီဇင်ဘာ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၊ ကျောက်တန်းရွာအတွင်းသို့ လုံခြုံရေး တပ်ဖွဲ့ဝင်များက ဒီဇင်ဘာလ ၂၃ ရက် ညပိုင်းတွင် ဝင်ရောက်ကာ ဒေသခံတစ်ဆယ်ဦးကျော်ကို ဖမ်းဆီးပြီး တစ်ဦးလျှင် ငွေကျပ်တစ်သောင်းဖြင့် ပြန်ရွေးခိုင်းသည်ဟု Delta News Agency က သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍
သက်ဆိုင်ရာနယ်မြေမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ကျေးရွာအတွင်း အကြမ်းဖက်သမားများ
ဝင်ရောက်မှု မရှိစေရေး အတွက် လုံခြုံရေးတပ်ဖွဲ့များက ဒီဇင်ဘာ ၂၃ ရက်နေ့ ညပိုင်းတွင်
ကျောက်တန်းရွာသို့ ဝင်ရောက်ရှာဖွေရာ ဖောက်ခွဲဖျက်ဆီးမှုနှင့်ပတ်သက်သည့် ပစ္စည်းအချို့
သိမ်းဆည်းရမိခဲ့ကြောင်းနှင့် ဒေသခံများအား ဖမ်းဆီးခဲ့ခြင်းမရှိကြောင်း သိရှိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့်
တရား ဥပဒေစိုးမိုးရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိပြီး အကြမ်းဖက်
အားပေးမီဒီယာများမှ ဖြစ်စဉ်၊ ဖြစ်ရပ်များကိုအခြေခံ၍ မိမိတို့လိုရာဖန်တီးရေးသားပြီး
ဒေသခံပြည်သူများမှ လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွှဲမှားစေရန် ရည်ရွယ်ချက်ရှိရှိ
ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment