Tuesday, December 26, 2023

ဟိုပုံး၊ လွိုင်လင်နှင့် ပင်လောင်းမြို့နယ်တို့၌ ဘိန်းခင်းများဖျက်ဆီး

 နေပြည်တော် ဒီဇင်ဘာ ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုပုံးမြို့နယ်၌ ဒီဇင်ဘာ၂၄ ရက် နံနက် ၉ နာရီ မိနစ်၂၀ ခန့်က ဟိုပုံး မြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်သားများ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် ဗန်းစောက်ကျေးရွာအနီးရှိ ဘိန်းခင်းခုနစ်ဧက ခန့်ကို ဖျက်ဆီးခဲ့ကြောင်း။

အလားတူ နံနက် ၈ နာရီတွင် လွိုင်လင်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် လွိုင်လင်မြို့နယ် ကျိုင်းခမ်းကျေးရွာအနီးရှိ ဘိန်းခင်း ဧက ၆၀ ခန့်ကို ဖျက်ဆီးခဲ့ကြောင်း။

ထို့အတူ နံနက် ၈ နာရီ မိနစ် ၅၀ တွင် ပင်လောင်းမြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင် သောပူးပေါင်းအဖွဲ့သည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ထာငိုကျေးရွာ အနီးရှိ ဘိန်းခင်း ၆၈ ဧကခန့်ကို အသီးသီးဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment