Tuesday, December 5, 2023

ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်ရုရှားဖက်ဒရေးရှင်းနိုင်ငံ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ


နေပြည်တော် ဒီဇင်ဘာ ၅

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းတို့သည် ရုရှားဖက်ဒရေးရှင်း နိုင်ငံစက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး မစ္စတာအယ်လ်ဘတ်ခရီမော့ဗ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၁)၌ လက်ခံတွေေ့ဆုံသည်။

တွေ့ဆုံစဉ်ကုန်သွယ်ရေးနှင့် စီးပွားရေး၊ သတင်းအချက်အလက် နည်းပညာ၊ ဘဏ္ဍာရေးနှင့် စက်မှုကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍  ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

အဆိုပါ တွေ့ဆုံပွဲသို့ စက်မှုဝန်ကြီးဌာနဒေါက်တာချာလီသန်း၊ဒုတိယဝန်ကြီးဦးရင်မောင်ညွန့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီးဌာနတို့မှ အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်


No comments:

Post a Comment