Tuesday, December 26, 2023

ဒုတိယဝန်ကြီး ဦးအေးကျော် ဒက္ခိဏသီရိမြို့နယ်အတွင်း လျှပ်စစ်တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး


 

နေပြည်တော် ဒီဇင်ဘာ ၂၅

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဒီဇင်ဘာ ၂၃ ရက်တွင် ပြည်ထောင်စု နယ်မြေနေပြည်တော် ဒက္ခိဏသီရိမြို့နယ် City Park အားကစားကွင်း၌ ကျင်းပသော (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အားကစားပွဲသို့ တက်ရောက်အားပေးပြီး ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ထုပ်ဆီးတိုးပြိုင်ပွဲတို့တွင် အနိုင်ရရှိသည့်အသင်းများအား ဆုများပေးအပ်ချီးမြှင့်သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြန်မာနိုင်ငံ ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနနှင့် ကျန်းမာ ရေးသင်တန်းကျောင်း (Myanmar Center for Disease Control and Health Staff Training Center) ဓာတ်အားရရှိရေး၊ ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းတည်ဆောက်မှု နှင့် မိုင်တိုင် ၂၀၀ Rest Camp EV Station များသို့ ဓာတ်အားပေးပို့ မည့် ၃၃ ကေဗွီ ဓာတ်အားခွဲရုံ လျာထားမြေ နေရာတို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment