Tuesday, December 12, 2023

(၂၂)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲ ကျင်းပနိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေး ကျင်းပ

 

နေပြည်တော် ဒီဇင်ဘာ ၁၁

(၂၂)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲ ကျင်းပနိုင်ရေး ဦးစီးကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ဦးစီးကော်မတီဥက္ကဋ္ဌ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ဆပ်ကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများတက်ရောက် ကြသည်။

ကြိုတင်ပြင်ဆင်ထားရှိ

အခမ်းအနားတွင် ဦးစီးကော်မတီဥက္ကဋ္ဌ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ ညီလာခံနှင့်နှီးနှောဖလှယ်ပွဲအောင်မြင် စွာကျင်းပနိုင်ရေး ဦးစီးကော်မတီနာယက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဦးဆောင်၍ ဆောင်ရွက်ရန်စီစဉ်ထားပါကြောင်း၊ တိုင်းရင်းဆေး တက္ကသိုလ်တွင် တက်ရောက်နေသော မျိုးဆက်သစ်ကျောင်းသား ကျောင်းသူများအနေဖြင့် တိုင်းရင်းဆေးပညာဦးစီးဌာန၏ ဆောင်ရွက်နေမှုများ၊ ညီလာခံနှင့် နှီးနှောဖလှယ်ပွဲ ကျင်းပနေမှုများကို လေ့လာသိရှိနိုင်ရန်နှင့် နောင်မျိုးဆက်သစ်များအား လက်ဆင့်ကမ်းမျှဝေပေးနိုင်ရန်နှင့် ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်ရည်ရွယ်၍ ညီလာခံကိုကျင်းပရခြင်းဖြစ်ကြောင်း၊ ဆပ်ကော်မတီများအနေဖြင့် ကြိုတင်ပြင်ဆင်ထားရှိ ရန်နှင့် ဆောင်ရွက်ထားရှိမှုများကို တင်ပြကြစေလိုကြောင်း၊ ပြခန်းများအား အများပြည်သူ စိတ်ဝင်စားဖွယ်ဖြစ်အောင် ပြသရန်၊ ဆွေးနွေးမည့်အကြောင်းအရာနှင့် ဆက်လက်အကောင်အထည်ဖော်မည့် လုပ်ငန်းများတွင် တိုင်းရင်းဆေးရပ်ဝန်းတစ်ခုလုံးက ပူးပေါင်းပါဝင်လာအောင် စည်းရုံးဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသော ဦးစီးကော်မတီဝင်များ၊ ဆပ်ကော်မတီဝင်များနှင့် တာဝန်ရှိသူများက ဆပ်ကော်မတီများအလိုက် ဆောင်ရွက်ထားရှိမှုများကို တင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကိုမှာကြားကာ နိဂုံးချုပ်အမှာစကား ပြောကြားသည်။

သတင်းစဉ်

No comments:

Post a Comment