Thursday, December 28, 2023

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ တရားမဝင် ကျွန်းသစ် ၉၅ ဒသမ ၈၁၀၄ တန် သိမ်းဆည်းရမိ

 


နေပြည်တော် ဒီဇင်ဘာ ၂၇

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ

ဒီဇင်ဘာ ၁၈ ရက်မှ ၂၄ရက် အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း ၁၀ ဒသမ ၄၅၃၂ တန်၊ သစ်မာ ၃၇ ဒသမ ၅၇၃၈ တန်၊ အခြား ၄၇ ဒသမ ၇၈၃၄ တန် စုစုပေါင်း ၉၅ ဒသမ ၈၁၀၄ တန်၊ ယာဉ်/ယန္တရား ခြောက်စီး၊ ပြစ်မှုကျူးလွန်သူ ၁၄ ဦး ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

သတင်းစဉ်

No comments:

Post a Comment