Tuesday, December 5, 2023

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင် ပြည်သူများက ထောပတ်ထမင်းဘူးများ ပေးအပ်လှူဒါန်း

 

နေပြည်တော် ဒီဇင်ဘာ ၅ ရက်

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိ သောလုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင် ပြည်သူများက အလှူငွေများ ပေးအပ်လှူဒါန်းလျက်ရှိသည့်အပြင် စားသောက်ဖွယ်ရာများကိုလည်း ပေးပို့လှူဒါန်းလျက်ရှိသည်။

ယနေ့တွင်လည်း စေတနာရှင်အလှူရှင်ပြည်သူများက အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေအတွင်း နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ထောပတ်ထမင်းဘူးများကို ပေးအပ်လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူပြီး လားရှိုးမြို့မှတစ်ဆင့် တပ်မတော်မော်တော်ယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ဝယ်အရောက် လိုက်လံပို့ဆောင်ပေးကြသည်။

စေတနာရှင်ပြည်သူများ လှူဒါန်းသည့် ထောပတ်ထမင်းဘူးများနှင့်အတူ ရဟန်းသံဃာများနှင့် ပြည်သူများကရေးသားပေးပို့သည့် “တိုင်းပြည်အတွက် ကိုယ်ကျိုးစွန့် အသက်ပေးနေသော ပြည်သူ့စစ်သားကောင်းကြီးများ အန္တရာယ်ကင်းရှင်း ဘေးကင်းပြီး ဘေးမသီရန်မခဘဲ အမြန်လာပြီး မိသားစုနှင့်အတူချစ်ကြည်နူးမှုတွေနဲ့ ပြည်လည်ဆုံတွေ့ကြပါစေ၊ တိုက်ပွဲတိုင်းအောင်မြင်ပါစေ၊” စသည့် ဆုတောင်းမေတ္တာစာလွှာများပါရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment