Friday, December 1, 2023

ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းဆောင်ရွက်ရန်နှင့် ချစ်ကြည်ရေး ခရီးလည်ပတ်ရန် ရောက်ရှိနေသော တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ရေ)မှ စစ်ရေယာဉ်များ ပြန်လည်ထွက်ခွာ


  နေပြည်တော်  ဒီဇင်ဘာ  

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသော တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်(ရေ) 44th PLA Navy Escort Task Group (ETG) မှ စစ်ရေယာဉ် များဖြစ်သည့် ဖျက်သင်္ဘော Zi Bo နှင့် ဖရီးဂိတ် စစ်ရေယာဉ် Jing Zhou နှင့် ထောက်ပံ့ရေး စစ်ရေယာဉ် Qian Dao Hu တို့သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊သီလဝါဆိပ်ကမ်းမှ ပြန်လည် ထွက်ခွာရာတပ်မတော်(ရေ)မှ အရာရှိ ကြီးများ၊ အရာရှိ၊စစ်သည်များ၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံရုံးနှင့် စစ်သံရုံးမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ တရုတ်ကုန် သည်များအသင်း၊ တရုတ်-မြန်မာဗုဒ္ဓဘာသာအသင်းတို့က ပို့ဆောင် နှုတ်ဆက်ကြသည်။

အဆိုပါစစ်ရေယာဉ်များတွင် လိုက်ပါလာခဲ့ကြသည့် တရုတ်ပြည်သူ့လွတ်မြောက် ရေးတပ်မတော်(ရေ)မှ အရာရှိ ၊စစ်သည်များသည် နိုဝင်ဘာလ ၃၀ ရက်၊ နံနက်ပိုင်းတွင်လည်း တပ်မတော်(ရေ)မှ စစ်ရေယာဉ် (ကျန်စစ်သား)အား လာရောက်လေ့လာခဲ့ကြရာ တာဝန်ရှိသူများ က ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး လိုက်လံရှင်း လင်းပြသခဲ့ကြသည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ရေ)မှ စစ်ရေယာဉ်များတွင်လိုက်ပါလာသည့် အရာရှိ၊ စစ်သည်များသည် မြန်မာနိုင်ငံသို့ရောက်ရှိနေစဉ်အတွင်း ရန်ကုန်မြို့ရှိ အထင်ကရနေ ရာများသို့ လေ့လာ လည်ပတ်ခြင်း၊ နှစ်နိုင်ငံချစ်ကြည်ရေး အားကစား ပြိုင်ပွဲများယှဉ်ပြိုင် ကစားခြင်း၊ သန်လျင်တပ်နယ်ရှိ အခြေခံပညာ အထက်တန်းကျောင်း (ဆိပ်ကြီး)၌ စာရေးကိရိယာလှူဒါန်းခြင်းများဆောင်ရွက်ခဲ့ကြောင်းနှင့် တပ်မတော်(ရေ) မှစစ်ရေယာဉ်များ နှင့်အတူ ဝေဟင်ရန်၊ရေပြင်ရန်၊ရေအောက်ရန်ကာကွယ်ရေး လေ့ကျင့်ခန်း များ၊ ရေကြောင်း လုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းများ ပူးပေါင်းဆောင်ရွက်ရန်အတွက် လေ့ကျင့်ခန်းဧရိယာသို့ ဆက်လက်ထွက်ခွာသွားကြောင်းသတင်းရရှိသည်။




 

No comments:

Post a Comment