နေပြည်တော် ဒီဇင်ဘာ ၄
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပန္နရသမအကြိမ် (၁၅) ကြိမ်မြောက် ဗုဒ္ဓဂယာမဟာ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို နိုဝင်ဘာ ၂၆ ရက်တွင် အိန္ဒိယနိုင်ငံ ဗီဟာပြည်နယ် ဂယာမြို့ ဗုဒ္ဓဂယာ မြန်မာဘုန်းတော်ကြီးကျောင်း၌ ကျင်းပရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ စစ်သံမှူး (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် ဗုဒ္ဓဂယာဘုရားဖူးခရီးသည်များ တက်ရောက်ကြပြီး ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့သည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီး၊
အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် အဖွဲ့ဝင်များသည် အိန္ဒိယနိုင်ငံ
ကုသိနာရုံမြို့ ကုသိနာရုံကျောင်းတိုက်မှ ဆရာတော်ကြီး အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဉာဏိဿရနှင့်
ဂယာမြို့ ဗုဒ္ဓဂယာ မြန်မာကျောင်းတိုက်ဆရာတော် မဟာသဒ္ဓမ္မဇောတိက ဓဇ ဘဒ္ဒန္တတေဇိန္တတို့အား
ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး သံဃာ တော်များအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ
လှူဒါန်းသော အလှူငွေများကို ကျောင်းနေ သံဃာတော်၊ သီလရှင်နှင့် ပညာသင် သံဃာတော်၊ သီလရှင်
၅၆၄ ပါးတို့အား သံဃာတော်တစ်ပါး လျှင် ရူပီး ၁၀၀၀၊ သီလရှင်တစ်ပါးလျှင် ရူပီး ၁၀၀၀
နှင့် ကိုရင်တစ်ပါးလျှင် ရူပီး ၅၀၀ နှုန်းဖြင့် စုစုပေါင်း ရူပီး ၅၁၆,၀၀၀ တို့ကို ဆက်ကပ်လှူဒါန်းခဲ့ပြီး
သံဃာတော်များနှင့် သီလရှင်တို့ကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးသည် နီပေါနိုင်ငံဆိုင်ရာ
မြန်မာသံအမတ်ကြီးနှင့်အတူ နိုဝင်ဘာ ၂၈ ရက်တွင် နီပေါနိုင်ငံ လုမ္ဗိနီ ဥယျာဉ်ရှိ
လုမ္ဗိနီမြန်မာရွှေကျောင်းတော်ကြီးသို့ သွားရောက်၍ နှစ်ထပ် တည်းခိုဆောင်၊
ဆွမ်းစားဆောင်၊ သုံးထပ် တည်းခိုဆောင်တို့ကို ကြည့်ရှုစစ်ဆေးပြီး မြန်မာဘုရား ဖူး
ခရီးသည်များ စိတ်ချမ်းမြေ့စွာ တည်းခိုနေထိုင်နိုင်ရေး၊ အစားအသောက်များ သန့်ရှင်းရေး
ဆွေးနွေးညှိနှိုင်း၍ လုမ္ဗိနီမြန်မာရွှေကျောင်းတော်ကြီးတွင် သာသနာပြုတာဝန်ထမ်းဆောင်နေသော
ဆရာတော်များအား ဖူးမြော်ကြည်ညိုကာ နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့်
အဖွဲ့ဝင်များသည် အိန္ဒိယနိုင်ငံ ဗီဟာပြည်နယ် ဂယာ မြို့မှ
ဒီဇင်ဘာ ၁ ရက် ညနေပိုင်းတွင် လေကြောင်းခရီးဖြင့်ထွက်ခွာခဲ့ရာ ရန်ကုန်မြို့သို့ ပြန်လည်
ရောက်ရှိခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment