Sunday, December 24, 2023

နမ္မတူမြို့ထဲသို့ တပ်မတော်က ပစ်ခတ်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ်သုံးဦးနှင့် လူကြီးနှစ်ဦး ဒဏ်ရာရဟု မဟုတ်မမှန်သတင်းများ လူမှုကွန်ရက်ပေါ်တွင် ရေးသားဖြန့်ဝေလျက်ရှိ

 

နေပြည်တော် ဒီဇင်ဘာ ၂၃

ရှမ်းပြည်နယ် (မြောက်ပိုင်း)နမ္မတူမြို့နယ် ပန်ဟိုက်ရပ်ကွက် ၆ နှင့် အီဟန်းရပ်ကွက် ၉ တို့တွင် ယနေ့နံနက်ပိုင်း၌ တပ်မတော်ကပစ်ခတ်သည့် လက်နက်ကြီး ကျည်ကျရောက် ပေါက်ကွဲမှုကြောင့် ကလေးသုံးဦးနှင့် လူကြီးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းတု၊ သတင်းမှားများကို လူမှုကွန်ရက် စာမျက်နှာတွင် တရားမဝင် ပြည်ဖျက်မီဒီယာ တစ်ခုဖြစ်သည့် Khit Thit Media က လုပ်ကြံရေးသားနေသည်ကို တွေ့ရသည်။

အဆိုပါ သတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာနယ်မြေမှ တာဝန်ရှိသူတစ်ဦးထံ ဆက်သွယ်မေးမြန်းချက်အရ နမ္မတူမြို့နယ်အတွင်း နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတာဝန်များထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား TNLA သောင်းကျန်းသူများက လက်နက်ကြီးများဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့မှုကြောင့် ပြည်သူများနေထိုင်ရာရပ်ကွက်အတွင်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရပြီးအပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နမ္မတူမြို့အတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုဆောင်ရွက်ခဲ့ခြင်းမရှိကြောင်း သိရသည်။

ထိုသို့ အကြမ်းဖက်သောင်း ကျန်းသူများ၏ မြို့၊ ရွာများအတွင်းသို့ ပစ်ခတ်တိုက်ခိုက်နေသည့် လုပ်ရပ်များကို ဖုံးကွယ်ပေးရန်၊ ပြည်သူလူထုမှ တပ်မတော်အပေါ် အထင်အမြင်လွဲမှားစေရန်နှင့် နိုင်ငံ တကာ စာမျက်နှာများတွင် တပ်မတော်၏ ဂုဏ်သိက္ခာ ကျဆင်းစေရန်အတွက် အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများက ကောလာဟလသတင်းများကို ရည်ရွယ်ချက်ရှိရှိရေးသား ဖြန့်ဝေနေခြင်းသာ ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment