Tuesday, December 12, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြင်ဦးလွင်မြို့ ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း (B.E FALLS) သို့ သွားရောက်ကြည့်ရှုစစ်ဆေး

 


နေပြည်တော် ဒီဇင်ဘာ ၁၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ဇနီးဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ကောင်စီဝင်ဒုတိယဗိုလ်ချုပ်ကြီး ညိုစောနှင့် ဇနီး၊ ပြည်ထောင်စုဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ မန္တလေးမြို့တော်ဝန်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ပြင်ဦးလွင်မြို့ ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း (B.E FALLS) ထိန်းသိမ်းဆောင်ရွက်ထားရှိမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးနှင့် အဖွဲ့ဝင်များသည် ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း (B.E FALLS) သို့ ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

လှည့်လည်ကြည့်ရှု

ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း (B.E FALLS) အတွင်းရှိမှန်တံတားကို ဖြတ်သန်းပြီး ဆင်ကလေးများ၏ ကျွမ်းကျင်မှုနှင့် အလှပြပြကွက်များကို ကြည့်ရှု အားပေး၍ အစာကျွေးကြကာ Sky Cable Car ဖြင့် လိုက်ပါစီးနင်းပြီး ပွဲကောက်ရေတံခွန်အပန်းဖြေစခန်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။

လမ်းညွှန်မှာကြား

လှည့်လည်ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပွဲကောက်ရေတံခွန် အပန်းဖြေစခန်း (B.E FALLS) အတွင်း ပြည်သူများအပန်းဖြေ အနားယူနိုင်ရေးအတွက် အမြဲသန့်ရှင်းသာယာလှပပြီး စိမ်းလန်းစိုပြည်မှုရှိအောင်ဆောင်ရွက်ရန်၊ သစ်ပင်ပန်းမန်များကို စနစ်တကျ စိုက်ပျိုးရန်၊ လျှောက်လမ်းများနှင့် တံတားများကောင်းမွန်စေရေး ဆောင်ရွက်ရန်၊ ချောင်းရိုးတစ်လျှောက် သန့်ရှင်းသာယာရေးနှင့် ရေများသန့်ရှင်းကြည်လင်မှုရှိစေရေးအထွက် ထိန်းသိမ်းစောင့် ရှောက်ရန်နှင့် အခြားဖြည့်စွက် ဆောင်ရွက်သင့်သည်များကို လမ်းညွှန်မှာကြားသည်။

ပွဲကောက် ရေတံခွန်တွင် လာရောက်လည်ပတ်သူများ စိတ်အပန်းပြေစေရန်ရည်ရွယ်၍ အဆင့်မြှင့်တင် ဆောင်ရွက်ထားပြီး မှန်တံတား၊ ကြိုးတံတားများအပြင် log house coffee shop ၊ တောတွင်း လျှောက်လမ်းများ၊ အပန်းဖြေနေရာများ၊ ကလေးကစားကွင်းများနှင့် အရှည် ၅၅၄ မီတာရှိ Sky Cable Way ကိုလည်း တည်ဆောက်ထားရှိကာ Sky Cable Car များကို စီးနင်း၍ သဘာဝပတ်ဝန်းကျင် အလှအပများကို ကြည့်ရှုခံစားနိုင်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment