Thursday, November 2, 2023

မွန်ပြည်နယ်ဝန်ကြီးချုပ် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲများနှင့် မ​ဟော်သဓာဇတ်တော်ကြီး ပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် ပြိုင်ပွဲဝင် အသင်းသူ /အသင်းသားများ၊ အုပ်ချုပ်သူအဖွဲ့သားများအား ဂုဏ်ပြုကြိုဆို​

မော်လမြိုင် နိုဝင်ဘာ​

(၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲများနှင့် မ​ဟော်သဓာဇတ်တော်ကြီး ပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် ပြိုင်ပွဲဝင် အသင်းသူ /အသင်းသားများ၊ အုပ်ချုပ်သူအဖွဲ့သားများအား ယမန်​နေ့ည​နေပိုင်းက သံလွင်တံတား (​မော်လမြိုင်) တွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦး​အောင်ကြည်သိန်း၊ အ​ရှေ့​တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ​ကျောင်းသူ၊ ​ကျောင်းသား၊ မွန်ပြည်နယ်သူ၊  ပြည်နယ်သားများက ​အောင်သ​ပြေခက်နှင့် ဂုဏ်ပြုပန်းခြင်းများဖြင့် လှိုက်လှဲဝမ်း​မြောက်စွာဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

ထို့နောက် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲများနှင့် မ​ဟော်သဓာဇတ်တော်ကြီး ပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် ပြိုင်ပွဲဝင် အသင်းသူ /အသင်းသားများ၊ အုပ်ချုပ်သူအဖွဲ့သားများအား ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားကို မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်၀န်ကြီးများတက်​​ရောက်၍ ပြည်နယ်ဝန်ကြီးချုပ်က (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲများနှင့် မဟော်သဓာဇတ်တော်ကြီး ပြိုင်ပွဲတွင် ပထမဆု (​ရွှေတံဆိပ်ဆု) များ ရရှိသည့်အတွက် အထူးဝမ်း​မြောက်ဂုဏ်ယူမိပါ​ကြောင်း၊ ထို့အပြင် ​အနုပညာ အရည်အချင်းများဖြင့်ကြိုးစားအားထုတ် ယှဉ်ပြိုင်ခဲ့ကြ၍ ယခုလို ရွှေတံဆိပ်၊ ​ငွေတံဆိပ်၊ ​ကြေးတံဆိပ်ဆုများကို မွန်ပြည်နယ်အတွက် ပြည်နယ်ဂုဏ်​ဆောင်စွာထိုက်ထိုက်တန်တန် ရရှိခဲ့​ခြင်းဖြစ်ကြောင်း၊ မြန်မာတို့ရဲ့ ရိုးရာယဉ်ကျေးမှု အနုပညာရပ်များကို ယခုလိုပြိုင်ပွဲများ ကျင်းပပေး၍ စောင့်ရှောက်မြှင့်တင်ပေးခြင်းအားဖြင့် မိမိနိုင်ငံ၊ မိမိလူမျိုးရဲ့ အမျိုးသားရေး ဂုဏ်သိက္ခာကို အမျိုးသားယဉ်ကျေးမှုနဲ့ယှဉ်တွဲပြီး မြင့်မားထည်ဝါစေရအောင် စွမ်းဆောင်မြှင့်တင်ပေးခြင်းဖြစ်ပြီး အမျိုးသားယဉ်ကျေးမှုကို ထိန်းသိမ်းမြှင့်တင်ခြင်းအားဖြင့် မြန်မာလူမျိုးတို့ရဲ့ အမျိုးသားရေး စရိုက်လက္ခဏာများ၊ အမျိုးသားယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာများ၊ အမျိုးသားရေးစံနှုန်းများနဲ့  ပိုမိုအားပြည့် ခိုင်မာစေရအောင် အနုပညာစွမ်းပကားဖြင့် ​နောင်နှစ်ပြိုင်ပွဲများမှာလည်း မွန်ပြည်နယ်၏ဂုဏ်ကို ​မြှင့်တင်စွမ်း​ဆောင်ပေးကြပါရန်ဖြင့် ဂုဏ်ပြုအမှာစကား ​ပြောကြားခဲ့သည်။

ဆက်လက်၍ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဆုရပြိုင်ပွဲဝင်များက ပြည်နယ်ဝန်ကြီချုပ်အား ဂါရဝပြုကန်​တော့ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွင်ဝင်များအား ရင်းရင်းနှီးနှီး ဂုဏ်ပြုအား​ပေး နှုတ်ဆက်ခဲ့​ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

No comments:

Post a Comment