Friday, November 17, 2023

(၃၁) ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာ့တပ်မတော်သေနတ်ပစ်အသင်းထိုင်းနိုင်ငံသို့ထွက်ခွာ


  နေပြည်တော် နိုဝင်ဘာ ၁၆

ထိုင်းနိုင်ငံတွင် ကျင်းပမည့် (၃၁)ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာ့တပ်မတော်သေနတ်ပစ်အသင်းသည် ယနေ့နံနက် ပိုင်းတွင် ထိုင်းနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားကြရာ အဆိုပါအဖွဲ့အား စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာ ရှိကြီးများက နေပြည်တော်လေဆိပ်၌ပို့ ဆောင်နှုတ်ဆက် ကြသည်။

မြန်မာ့တပ်မတော် သေနတ်ပစ်အသင်းတွင် အသင်းခေါင်းဆောင် ဒုတိယဗိုလ်မှူးကြီး သိန်းစိုးထွန်း ဦးဆောင်၍ အုပ်ချုပ်သူ၊ နည်းပြများနှင့် သေနတ်ပစ် အားကစားသမား စုစုပေါင်း ၄၂ ဦးတို့ လိုက်ပါသွားကြသည်။

(၃၁)ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မတော် (ကြည်း) များ သေနတ်ပစ်ပြိုင်ပွဲကို နိုဝင်ဘာ ၂၀ ရက် မှ ၂၄ ရက်ထိ ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါပြိုင်ပွဲတွင် မြန်မာ့တပ်မတော်မှ ကာဘိုင်အသင်း၊ ရိုင်ဖယ်အသင်း၊ စက်သေနတ်အသင်း၊ ပစ္စတိုအမျိုးသားအသင်းနှင့် ပစ္စတိုအမျိုးသမီးအသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ကြ မည်ဖြစ်ကြောင်းသိရသည်။

သတင်းစဉ်

No comments:

Post a Comment