Friday, October 6, 2023

၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အသင်းကို ကစားသမား ၃၃ ဦးဖြင့် ဖွဲ့စည်းပြီး အောက်တိုဘာ ၇ ရက်တွင် စတင်လေ့ကျင့်မည်

 

ရန်ကုန် အောက်တိုဘာ ၅

၂၀၂၆ ကမ္ဘာ့ဖလားပထမအဆင့် ခြေစစ်ပွဲယှဉ်ပြိုင်ရန် မြန်မာ့လက်ရွေးစင်အသင်းကို ပဏာမကစားသမား ၃၃ ဦးဖြင့် ဖွဲ့စည်းလိုက်ပြီဖြစ်ပြီး အောက်တိုဘာ ၇ ရက်တွင် စတင်လေ့ကျင့်မည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ကမ္ဘာ့ဖလားပထမအဆင့် ခြေစစ်ပွဲအဖြစ် မကာအိုအသင်းနှင့် တွေ့ဆုံနေပြီး အောက်တိုဘာ ၁၂ ရက်တွင် အိမ်ကွင်း၊ အောက်တို ဘာ ၁၇ ရက်တွင် အဝေးကွင်းကစားရမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင် အသင်း ပဏာမလူစာရင်းတွင် ပြည်ပကလပ်များ၌ ကစားနေသူများ၊ မြန်မာ ယူ-၂၃ အသင်းမှ ကစားသမားအချို့နှင့် ပြည်တွင်းကလပ်များတွင် ခြေစွမ်းပြနေသူများပါဝင်လာသည်။

မြန်မာ့လက်ရွေးစင်အသင်းတွင် ပဏာမကစားသမားများအဖြစ် ဂိုးသမား - ပြည့်ဖြိုးအောင် (ဟံသာဝတီ)၊ ဆန်းဆက်နိုင် (ရန်ကုန်ယူနိုက်တက်)၊ ဇင်ညီညီအောင် (ဒဂုံစတား)၊ ပြည့်ဖြိုးသူ (ရတနာပုံ)နောက်တန်း- ဟိန်းဖြိုးဝင်း (ရတ်ချာဘူရီ - ထိုင်း)၊ စိုးမိုးကျော် (ဖနောင်းပင်ခရောင်း-ကမ္ဘောဒီးယား)၊ ရဲမင်းသူ၊ နန္ဒကျော်၊ ကျော်ဇင်လွင်၊ ဇွဲခန့်မင်း (ရှမ်းယူနိုက်တက်)၊ ဟိန်းဇေယျာလင်း (ရန်ကုန်ယူနိုက်တက်)၊ သက်ဟိန်းစိုး၊ ကောင်းထက်ပိုင် (ရတနာပုံ)၊ သီဟထက်အောင် (ရခိုင်ယူနိုက်တက်)၊ လတ်ဝေဘုန်း (ဧရာဝတီ)အလယ်တန်း- လွင်မိုးအောင် (ရရောင်း-ထိုင်း)၊ မောင်မောင်လွင် (လမ်ဖွန်ဝါရီယာ- ထိုင်း)၊ ထက်ဖြိုးဝေ၊ မြတ်ကောင်းခန့် (ရှမ်းယူနိုက်တက်)၊ ဝေလင်းအောင်၊ ဆွမ်လမန် (ဒဂုံစတား)၊ ရန်နိုင်ဦး၊ ဇော်ဝင်းသိန်း (ရန်ကုန် ယူနိုက်တက်)၊ နေမိုးနိုင်၊ ခွန်ကျော်ဇင်ဟိန်း (ဟံသာဝတီ)၊ ကျော်မင်းဦး (PDRM-မလေးရှား)၊ ဟိန်းထက်အောင် (နီဂျီရီဆမ်ဘာလန်-မလေးရှား) ရှေ့တန်း - ဥက္ကာနိုင် (ရန်ကုန်)၊ အောင်မြတ်သူ (ဟံသာ ဝတီ)၊ အောင်သူ၊ အောင်ကောင်းမာန် (အူထိုင်းထာနီ - ထိုင်း)၊ သန်းပိုင်(ချင်းမိုင်ယူနိုက်တက်-ထိုင်း)နှင့် ဝင်းနိုင်ထွန်း (ဘော်နီယို- အင်ဒိုနီးရှား)တို့ ပါဝင်ကြသည်။

ညီမြတ်သော်တာ

ဓာတ်ပုံ-သော်လေး

No comments:

Post a Comment