မကွေး အောက်တိုဘာ ၈
မကွေးတိုင်းဒေသကြီး သန့်ရှင်းသာယာလှပရေးအတွက် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/ မြို့နယ် များတွင် မြို့ရွာသန့်ရှင်းသာယာလှပရေး၊ ကျောင်းပတ်ဝန်းကျင်များနှင့် ဘုရားစေတီပုထိုးများ သန့်ရှင်းသာယာလှပရေးတို့အတွက် အပတ်စဉ်(စနေနေ့တိုင်း) စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၇ နာရီက မကွေးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း ဌာနဆိုင်ရာများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်နေမှုအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်း လေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ် ထွန်းဝင်း၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးကြီး သန်းနိုင်ညွှန့်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် မကွေးတပ်နယ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ အကြီးအကဲများ သွားရောက်၍ ကြည့်ရှုအားပေးသည်။
ထိုသို့
စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား မကွေးတိုင်ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်
ဦးတင့်လွင်နှင့် တာဝန်ရှိအကြီးအကဲများက စုပေါင်းသန့်ရှင်းရေး လုပ်ဆောင်နေမှုအား
ကြည့်ရှု အားပေးကာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က မိမိတို့ မကွေးမြို့သည်
တိုင်းဒေသကြီး၏ မြို့တော် ဖြစ်သည်နှင့်အညီ မြို့အင်္ဂါရပ်နှင့်လျော်ညီစွာ သန့်ရှင်းသာယာလှပရေးသည်
အရေးကြီးပါကြောင်း၊ ခုလို မိုးရာသီကာလမှာ ဖြစ်ပွားတတ်သော
သွေးလွန်တုပ်ကွေးရောဂါ
ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြည်သူ့အကျိုးပြု လုပ်ငန်းတစ်ရပ်အဖြစ်
စာသင်ကျောင်းများမှာလည်း
ဆောင်ရွက်ပေးခြင်းဖြစ်သကဲ့သို့ ပညာသင်ကြားပေးနေသည့် ဆရာ/ဆရာများနှင့်
ပညာသင်ယူနေသည့် ကျောင်းသား/ ကျောင်းသူများ စိတ်ချမ်းမြေ့စွာ
ပညာသင်ကြားနိုင်ရေးနှင့် ပျော်ရွှင်စွာ ပညာသင်ယူခွင့်ရရှိနိုင်ရေးအတွက်
ကျောင်းပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပမှုရှိစေရေး ဆောင်ရွက်ပေးခြင်းလည်းဖြစ်ကြောင်း
ပြောသည်။
အဆိုပါ
စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို ဌာနဆိုင်ရာဝန်ထမ်းများ၊
လူမှုရေးအသင်းအဖွဲ့များ စုစု ပေါင်းအင်အား (၂၀၀)ခန့်ဖြင့် ဆောင်ရွက်ခဲ့ပြီး၊
စုပေါင်းသန့်ရှင်ရေး ဆောင်ရွက်သည့် ဌာန၊ အသင်းအဖွဲ့များအား မြန်မာ့ရိုးရာမုန့်များနှင့်
သောက်ရေသန့်ဘူးများ ဝေငှပေးခဲ့ကြောင်း သိရသည်။
ထို့အတူ
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံလမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ
မြို့နယ်အသီးသီးတွင် မြို့ရွာသန့်ရှင်းသန့်ရှင်းသာယာလှပစေရေး ဘုရား စေတီ ပုထိုးများ၊
ရုံးဌာန အဆောက် အဦများနှင့် ကျောင်းပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပမှုရှိစေရေးနှင့်
ပြည်သူများ ကျန်းမာရေးဆိုင်ရာ အထောက်အကူဖြစ်စေရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို
အပတ်စဉ် (စနေ နေ့တိုင်း)တိုင်းလုံးကျွတ် လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။
မောင်ညီညာ



No comments:
Post a Comment