Saturday, October 7, 2023

မဲခေါင် - လန်ချန်း သစ်သီးပွဲတော်(မြန်မာ)တွင် မြန်မာနိုင်ငံမှ ပါဝင်ပြသနိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေး ဦးဆောင်ကျင်းပ

 


နေပြည်တော် အောက်တိုဘာ ၆

“မဲခေါင် - လန်ချန်းသစ်သီးပွဲတော် (မြန်မာ)(Mekong – Lancang Fruit Festival-Myanmar)”တွင် မြန်မာနိုင်ငံမှ ပါဝင်ပြသနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ အစည်းအဝေး ခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း၊ သက်ဆိုင်ရာ ဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချ သူများအသင်းနှင့် ညီနောင်အသင်းအဖွဲ့များမှ ကိုယ်စား လှယ်များတက်ရောက်ကြသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီးက တရုတ်ပြည်သူ့သမ္မတနိုင်ငံ မဲခေါင်-လန်ချန်းဒေသခွဲ စီးပွားရေးနှင့် ကုန်သွယ်မှုဖွံ့ဖြိုး တိုးတက်ရေးစင်တာနှင့် ပူးပေါင်း၍ မြန်မာနိုင်ငံမှ သစ်သီးဝလံ များအား တရုတ်နိုင်ငံ ဈေးကွက်သို့ ပိုမိုတင်ပို့ရောင်းချနိုင်မည့် အကျိုးကျေးဇူးရရှိမည် ဖြစ်ကြောင်း၊ ပြပွဲသို့ မြန်မာနိုင်ငံမှ ထွက်ရှိသော ထောပတ်၊ နာနတ်၊ မက္ကဒေး မီးယား၊ ကျွဲကော၊ ဖရဲသီး၊ သခွား သီး၊ သရက်သီး၊ မင်းကွတ်သီး၊ ကြက်မောက်သီး၊ ဒူးရင်းသီး၊ ပင်မှည့်သီး၊ သစ်ကြားသီးများ အပြင် ဝဥ၊ လက်ဖက်၊ ကော်ဖီနှင့် ရှောက်ကောပါကောများပါထည့် သွင်းပြသနိုင်ရန် စီစဉ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ မဲခေါင်-လန်ချန်း သစ်သီးပွဲတော် ပထမ နေ့တွင် မြန်မာနိုင်ငံ၏ အလားအလာရှိသည့် သစ်သီးဝလံများနှင့် ပတ်သက်သည့် ဈေးကွက်မြှင့်တင်ရေး ဆွေးနွေးပွဲများကို ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း၊ ပြပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးကြရန် ပြောကြားသည်။

သတင်းစဉ်

No comments:

Post a Comment