နေပြည်တော်၊ အောက်တိုဘာ ၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ခရီးစဉ်တွင် လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မြို့တော်ဝန် ဦးဘိုဌေး နှင့် တာဝန်ရှိသူများလိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်၊ ရန်ကုန်မြစ်နှင့် မှော်ဝန်းချောင်းကြားနေရာရှိ မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊ သီလဝါ ဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ်အား မွေးမြူရေးဇုန်ရှင်းလင်းဆောင်၌ မြန်မာစီးပွားရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ
ဒုတိယ ဗိုလ်ချုပ်ကြီး ညိုစော၊ မြန်မာ့စီးပွားရေးဦးပိုင်အများ နှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ
ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦး၊ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့်
တာဝန်ရှိသူများက သီလဝါဘက်စုံ စိုက်ပျိုးမွေးမြူရေးဇုန်၊ ၂၆ မိုင် ဘက်စုံစိုက်ပျိုး မွေးမြူရေးဇုန်၊
တွံ့တေးမြို့နယ်ရှိ ရွှေမုယင်းငါးကန်နှင့် ငွေပင်လယ် မွေးမြူရေးနှင့် ရေလုပ်ငန်းတို့၏
လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏
လမ်းညွှန်ချက်များကို အကောင်အထည်ဖော်ဆောင် ရွက်နေမှုအခြေအနေများ၊ ဘက်စုံစိုက်ပျိုး မွေးမြူ
ရေးဇုန်များ အကောင်အထည်ဖော်ဆောင် ရွက်ခဲ့မှုနှင့် ဆောင်ရွက်ပြီးစီးပြီး လုပ်ငန်းလည်ပတ် နေမှုအခြေအနေများ၊
ငါး၊ ဥစားဘဲ၊ ဥစားကြက်၊ အသားတိုးကြက်၊ နို့စားနွား၊ အသားစားနွား၊ အသားတိုးဝက် စသည့်
မွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အထွက်နှုန်းတိုးတက်မြင့်မားစေရေး မျိုးကောင်းမျိုး သန့်များ
ရွေးခြယ်မွေးမြူခြင်း၊ သားဖောက်မွေးမြူခြင်းများဆောင်ရွက်လျက်ရှိပြီး အစာပြည့်စုံကောင်းမွန်
မှုရှိစေရေး စီမံဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ထွက်ရှိလာသည့် စိုက်ပျိုးမွေးမြူရေး
ထွက်ကုန်များကို ဈေးကွက်အတွင်းသို့ ဖြန့်ဖြူးလျက်ရှိသည့်အခြေအနေများ၊ မွေးမြူရေး ဇုန်များ၌
အစာစပ်လုပ်ငန်း နှင့် အစာတောင့်စက်များ ထုတ်လုပ်လျက်ရှိမှု၊ နို့ထွက်ပစ္စည်းများ ထုတ်လုပ်ရောင်းချ လျက်ရှိမှု
အခြေအနေများ၊ မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဘိုးဘွားမျိုးရင်း ကြက်၊
ဝက် GP Farm များတည်ထောင်နိုင်ရေး ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာများနှင့်
ပတ်သက်၍ ပြည်ပနိုင်ငံများသို့ လေ့လာရေးခရီးစဉ်များ သွားရောက်၍ ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်မှု အဆင့်ဆင့်ကို
လေ့လာခဲ့မှုနှင့် မိမိတို့နိုင်ငံနှင့်ကိုက်ညီသည့် စိုက်ပျိုးမွေးမြူရေးနည်းစနစ်များ၊
နည်းပညာများ နှင့် လူ့စွမ်းအား အရင်းအမြစ် လိုအပ်ချက်များကို သုံးသပ်တွေ့ရှိခဲ့ရမှုအခြေအနေများ၊
ပြည်ပနိုင်ငံများနှင့် မိမိတို့နိုင်ငံ၏ ပြောင်းစိုက်ပျိုးထုတ်လုပ်မှု နှိုင်းယှဉ်တင်ပြချက်များ၊
စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများ ဆက်လက်တိုးချဲ့ဆောင်ရွက်သွားနိုင်ရေး စီမံဆောင်ရွက်
လျက်ရှိသည့် အခြေအနေများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရိုင်အလိုက် မြေယာအသုံးချမှုနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများ၊
တိုင်းဒေသကြီးအတွင်း စားရေးလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး စိုက်ပျိုးမွေးမြူရေး
လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရန် နိုင်ငံ့စီးပွားမြှင့်တင်ရေးရံပုံငွေမှ ရင်းနှီးမတည်ငွေ များကို
သတ်မှတ်ချက်များနှင့်အညီ ထုတ်ချေးပေးထားမှု၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး
ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော် ဝန်ကြီးချုပ်က ရန်ကုန်တိုင်း ဒေသကြီးအတွင်း ယခုကဲ့သို့ စိုက်ပျိုးမွေးမြူရေးဇုန်များ
ဖော်ဆောင်၍ ဆောင်ရွက်လျက်ရှိခြင်း သည် ရန်ကုန်တိုင်းဒေသကြီးအတွင်း အသား၊ ငါးနှင့် ရာသီသီးနှံဖူလုံမှုရှိစေရန်
ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီး အတွင်း ဝယ်လိုအားနှင့် ရောင်းလိုအား
မျှတစေရန်နှင့် အခြေခံစားကုန်များ ကုန် ဈေးနှုန်းကြီး မြင့်မှုကို ထိန်းသိမ်းနိုင်ရန်ရည်ရွယ်၍
အသား၊ ငါးနှင့် ရာသီသီးနှံများ ထုတ်လုပ်မှုကို တိုးမြှင့်ဆောင်ရွက် နေခြင်းဖြစ်ကြောင်း၊
ကုန်ဈေးနှုန်းကြီးမြင့်ရခြင်းမှာ သွင်းအားစုများနှင့် လုပ်အားခများ ဈေးနှုန်းကြီးမြင့်ခြင်း ကြောင့်ဖြစ်ပြီး
စားသုံးမှု လိုအပ်ချက်ကို လုံလောက်စွာ ထုတ်လုပ်နိုင်မည်၊ ထုတ်လုပ်မှုကုန်ကျစရိတ်များ
လျော့ချနိုင်မည်ဆိုပါက ကုန်ဈေးနှုန်းကြီး မြင့်မှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊
ထို့ကြောင့် မြန်မာစီးပွားရေး ကော်ပိုရေးရှင်းနှင့် မြန်မာ့စီးပွားရေးဦးပိုင်အများနှင့်
သက်ဆိုင်သော ကုမ္ပဏီလီမိတက် တို့ကို တာဝန်ပေး အပ်ပြီး ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့အတွက်
အသား၊ ငါးနှင့် ရာသီသီးနှံလိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်စေခဲ့ခြင်း
ဖြစ်ကြောင်း။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူဦးရေ၏ တစ်နေ့တာပျမ်းမျှ အသား၊ ငါး စားသုံးမှု လိုအပ်ချက်ပမာဏကို တွက်ချက်၍ အတတ်နိုင်ဆုံးဖြည့်ဆည်းပေးနိုင် အောင် မွေးမြူထုတ်လုပ် သွားရမည်ဖြစ်ကြောင်း၊ ဥစားကြက်၊ ဘဲမွေးမြူရေးနှင့်ပတ်သက်၍ ဥထွက်ရှိမှုပမာဏ၊ ဥသည့် အချိန်ကာလတို့ကို စနစ်တကျ တွက်ချက် ချိန်ညှိ၍ အသုတ်လိုက် မွေးမြူသည့်စနစ်ဖြင့် စဉ်ဆက်ပြတ်မှုမရှိစေရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အလားတူ အခြားမွေးမြူရေး လုပ်ငန်းများတွင်လည်း စဉ်ဆက်မပြတ် မွေးမြူမှုဖြစ်စေရေး တွက်ချက်ဆောင် ရွက်ကြရန်လိုကြောင်း၊ အသားစားနွားများကို အောင်မြင်ဖြစ်ထွန်းအောင် မွေးမြူရန်လိုပြီး မွေးမြူရေးနွား၊ စပ်မျိုးနွားနှင့် ဒေသနွား များကို သုတေသနပြုဆောင်ရွက်ကာ အထွက်နှုန်းကောင်းမွန်သည့် နွားမျိုးများရရှိ ရေး ဆောင်ရွက်ရန်လိုကြောင်း၊ နွားစာမြက်များ စိုက်ပျိုးရာတွင် စဉ်ဆက်မပြတ် ထုတ်ယူအသုံးပြုနိုင်ရေး စနစ်ကျနသည့် ရိတ်သိမ်းမှုစနစ်ရှိရန်နှင့် နွားချေးများကိုလည်း မြေဩဇာအဖြစ် ပြန်လည်သုံးစွဲသွားရန်လို ကြောင်း။
စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မိရိုဖလားနည်းလမ်းများဖြင့် ဆောင်ရွက်ခြင်း သာမက စနစ်ကျနသည့် စိုက်ပျိုးမွေးမြူရေးစနစ်များကို ဖော်ဆောင် သွားရန်လိုကြောင်း၊ လိုအပ်သည့် သွင်းအားစုများ လုံလောက်စွာ ရရှိနိုင်ရေး စီမံ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မျိုး၊ မြေ၊ ရေ၊ နည်း ဟူသော မျိုးကောင်းမျိုးသန့်ရရှိအောင် ဆောင်ရွက်ရန်၊ မြေကို စနစ်တကျပြုပြင် ဆောင်ရွက်ရန်၊ အောင်ရေရရှိရန်၊ စိုက်နည်းစနစ်များ မှန်ကန်ရန် အဓိကလိုအပ်မည်ဖြစ်ကြောင်း၊ နိုင်ငံအတွင်း ဒေသနှင့် ကိုက်ညီသည့် စိုက်ပျိုးသီးနှံများကို နည်းစနစ်ကျနစွာဖြင့် ထုတ်လုပ်နိုင်မည့် မြေအရင်းအမြစ် များစွာရှိပြီးဖြစ်သဖြင့် ခေတ်စနစ်နှင့် လျော်ညီသည့် စိုက်ပျိုးရေးထုတ်ကုန်များ စိုက်ပျိုးထုတ်လုပ်နိုင်ရေး စဉ်းစားဆောင်ရွက်ကြရန်လိုကြောင်း၊ သွင်းအားစုနှင့် ပတ်သက်၍ မြေဩဇာ၊ ရေရရှိရေး၊ လုပ်အားခ ဟူ၍ ရှိပြီး လုပ်သားရှားပါးမှုပြဿနာကို ယန္တရားများဖြင့် ဆောင်ရွက်နိုင်ရေး စဉ်းစားဆောင်ရွက်သွားရန်လိုကြောင်း၊ မြေဩဇာ လိုအပ်ချက်ကြောင့် အထွက်နှုန်းလျော့ကျမှုမရှိစေရေးအတွက် ပြည်ပမှ တင်သွင်းရန် လိုအပ်သည့် မြေဩဇာများကို တင်သွင်းခွင့်ပြုထားပေးပြီးဖြစ်ကြောင်း၊ သီးထပ်စွမ်းအား များကို တိုးတက်အောင်ဆောင် ရွက်ပြီး သီးထပ်စွမ်းအားများ တိုးတက်လာပါက တောင်သူများ ဝင်ငွေကောင်းလာနိုင်မည်ဖြစ်ကြောင်း။
စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးသည် ပထမဦးစား ပေးပင်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးသည် လမ်းပန်းဆက်သွယ်မှု လျင်မြန်ချောမွေ့ပြီး စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများကို အောင်မြင်စွာ ထုတ်လုပ်ဖြန့်ဖြူးနိုင်မည့် အခြေအနေရှိပြီး ဖြစ်ကြောင်း၊ အဓိကလိုအပ်သည်မှာ အမှန်တကယ် အလုပ်လုပ်ရန်ဖြစ်ပြီး အလုပ်လုပ်နိုင်ရေး အတွက်လည်း အစိုးရမှ ဖန်တီးပေးရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် တင်ပြချက်များကို အချိန်ပေး၍ နားထောင်ခဲ့ခြင်းဖြစ်ပြီး မိမိတို့ဆောင်ရွက်ရသည့် လုပ်ငန်းအလိုက် အောင်မြင်မှု ရရှိစေရေး ကြိုးပမ်းဆောင်ရွက် သွားရန်လိုကြောင်း၊ ပြည်ပနိုင်ငံများသို့ သွားရောက်လေ့လာမှုမှ ရရှိလာသည့် စိုက်ပျိုး မွေးမြူရေးဆိုင်ရာ အတွေ့အကြုံများနှင့် နည်းစနစ်များကိုအသုံးချ၍လည်း မိမိတို့ နိုင်ငံ၌ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက် သွားကြရန် တိုက်တွန်းမှာကြား လိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် သီလဝါဘက်စုံ စိုက်ပျိုးမွေးမြူရေးဇုန်တွင် မွေးမြူထား ရှိသည့် ငါးအမျိုးအစားနမူနာပြသ ထားရှိမှုများ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့် ကြက်ဥ၊ ဘဲဥ၊ နို့ထွက်ပစ္စည်းများ၊ ခင်းကျင်းပြသထားမှုများကို ကြည့်ရှုသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် မွေးမြူရေးဇုန် အတွင်းရှိ ငါးသားဖောက်လုပ်ငန်းဆောင်ရွက်နေမှုနှင့် ငါးသား ပေါက်မွေးမြူထားရှိမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိ သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment