နေပြည်တော် အောက်တိုဘာ ၇
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ် တလုတ်ပင်ကျေးရွာအုပ်စု၌ ဧပြီလအတွင်းက လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် အဆောက်အဦများ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြားသည်။
ဆက်လက်၍
နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ် ရှမ်းစုကျေးရွာရှိ ပလွေးချောင်းကမ်းပါးပြိုကျခဲ့သဖြင့်
နေပြည်တော်ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပလွေးချောင်းရေ
တိုက်စားမှုလျော့ပါး သက်သာစေရေးအတွက် ယာယီကမ်းထိန်းခြင်းလုပ်ငန်းနှင့် ချောင်းရေလမ်းကြောင်းချဲ့ပေးနေမှုကို
ကြည့်ရှုစစ်ဆေးရာ လယ်ဝေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် နေပြည်တော်ရေအရင်းအမြစ်နှင့်
မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပလွေးချောင်းရေတိုက်စားမှုနှင့်
ပတ်သက်၍ ဆောင်ရွက်နေသည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက
လိုအပ်သည်များ မှာကြားသည်။
ထို့နောက်
နေပြည်တော်ကောင်စီဥက္ကဋ္ဌက ဒေသခံပြည်သူ များနှင့်တွေ့ဆုံပြီး အားပေးစကား ပြောကြားကာ
ပလွေးချောင်းရေတိုက်စားမှုကြောင့် ကမ်းပါးပြိုမှုအား ယာယီမြေထိန်းနံရံ ဆောင် ရွက်ရန်အတွက်
နေပြည်တော်ကောင်စီမှ ထောက်ပံ့ငွေကျပ် ၁၀ သိန်းကို ပေးအပ်ရာ ကျေးရွာမှတာဝန်ရှိသူများက
လက်ခံရယူကြသည်။
ယင်းနောက်
နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဒက္ခိဏသီရိမြို့နယ် ရွာမကျေးရွာအုပ်စုအတွင်းရှိ
မြန်မာနယူးဧရာ စိုက်ပျိုးရေးကုမ္ပဏီလီမိတက်မှ လယ်ယာစိုက်ပျိုးရေးသုံးပိုက်နှင့် သစ်သီးထည့်ခြင်းထုတ်လုပ်နေမှု၊
မျိုးစပါးအခြောက်ခံ ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ မန်နေဂျာဒေါ်နန်းထက်ထက်လှိုင်က
လုပ်ငန်းဆောင်ရွက်နေမှုနှင့် ပြည်တွင်းပြည်ပ ဖြန့်ဖြူးရောင်းချနေမှုများကို ရှင်းလင်းတင်ပြသည်။
ထို့နောက်
နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဒက္ခိဏသီရိမြို့နယ် ညောင်ကုန်း (စံပြ) ကျေးရွာ၌
ကျေးရွာပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ဆန်ရောင်းချပေးနေမှုကို လည်းကောင်း၊ နေပြည်တော်
အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ခေတ်မီစံပြကျေးရွာများရှိ
ကျေးလက်နေ ပြည်သူများ၏ ဝင်ငွေတိုးရေးဆောင်ရွက်မည့် စီမံ ကိန်းလုပ်ငန်းအတွက် စက်ချုပ်နည်းပညာ
သင်တန်းဖွင့်လှစ်ပြီး သင်ကြားနေမှုကိုလည်းကောင်း၊ မျိုးခေတ်ကျော်ကုမ္ပဏီမှ
ဒက္ခိဏသီရိမြို့နယ် ညောင်ကုန်းကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းနေမှုနှင့် ညောင်ကုန်းကျေးရွာမှ
ဟိုတယ်နောက်ကျောပတ်လမ်းအထိ ဆက်သွယ်သောလမ်းဟောင်းကို ပြုပြင်ရေးလုပ်ငန်းဆောင်ရွက် နေမှုကိုလည်းကောင်း
ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍
နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဒက္ခိဏသီရိမြို့နယ် သံဃနာယက အဖွဲ့ဥက္ကဋ္ဌ ညောင်ကုန်းကျောင်း
တိုက်ပဓာနနာယကဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပဏ္ဍိတ မထေရ်မြတ်အား သွားရောက် ဖူးမြော်ကြည်ညို၍
ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး
ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲ ရေးဦးစီးဌာနမှ ညောင်ကုန်း (စံပြ) ကျေးရွာအနီးရှိ
ငလိုက်လယ်ယာမြောင်းမကြီး လက်တံ(၁)RD-10640 မှ RD-14050 အတွင်း ပျက်စီးနေသောရေမြောင်းအား
ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု ကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များမှာကြားခဲ့ကြောင်း
သိရသည်။
သတင်းစဉ်

No comments:
Post a Comment