နေပြည်တော် အောက်တိုဘာ ၇
မိမိတို့၏ နေ့စဉ်လူမှုဘဝနေထိုင်ဖြတ်သန်းရာတွင် ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်နေမှသာ ကိုယ်စိတ်နှလုံးချမ်းမြေ့ပြီးမျက်စိပသာဒဖြစ်ဖွယ်ရာ သန့်ရှင်းသာယာလှပသော မြို့၊ ရွာ Clean City၊ Clean Village များဖြစ်လာမည်ဖြစ်ကာ ကျန်းမာရေးနှင့် ညီညွတ်မျှတမည်ဖြစ်သည့်အတွက် မိမိဒေသ၊ မိမိမြို့ရွာ သန့်ရှင်းသာယာရေးကိုဒေသခံများ၊ ဒေသတွင်းတာဝန်ထမ်းဆောင်နေကြသည့် အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် စည်ပင်သာယာ ရေးတာဝန်ရှိသူများက မဖြစ်မနေဆောင်ရွက်ကြရမည်ဖြစ်ပါသည်။
ယခုအချိန်အခါတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်မှုနှင့်အတူ နိုင်ငံတစ်ဝန်းလုံး၌ တပ်မတော်သားများ၊ ဌာနဆိုင်အဖွဲ့အစည်းများ၊ ဒေသခံပြည်သူအားလုံးတို့က နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်လျက်ရှိကြပြီး အပတ်စဉ် စနေနေ့တိုင်းတွင်လည်း မိမိတို့၏မြို့၊ ရွာများရှိ ဆေးရုံ၊ ဆေးခန်းများ၌ ခြင်၊ ယင်၊ ပေါက်ဖွားမှုမရှိစေရေးနှင့် ဆေးရုံတက်ရောက်ကုသနေသော လူနာများအား လေကောင်းလေသန့်ရရှိစေရန် ချုံနွယ်၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်းများကို အားတက်သရော ဆောင်ရွက်လျက်ရှိသည့်အပြင် စာသင်ကျောင်းများ သန့်ရှင်းသာယာလှပရေးကို ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့
ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ် (၈) မြို့နယ်တို့၌လည်းကောင်း၊
ကချင်ပြည်နယ်အတွင်းရှိ မြို့နယ် (၇) မြို့နယ်တို့၌လည်းကောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)
အတွင်းရှိ မြို့နယ် ၁၀ မြို့နယ်တို့၌လည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း) အတွင်းရှိ
မြို့နယ် ၄ မြို့နယ်တို့၌လည်းကောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) အတွင်းရှိ မြို့နယ်
(၁၄) မြို့နယ်တို့၌လည်းကောင်း၊ မွန်ပြည်နယ်အတွင်းရှိ မြို့နယ် (၃) မြို့နယ်တို့၌လည်းကောင်း၊
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၅) မြို့နယ်တို့၌လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ
မြို့နယ် (၄၅) မြို့နယ်တို့၌ လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၆)
မြို့နယ်တို့၌လည်းကောင်း၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်(၁၁)မြို့နယ်တို့၌လည်းကောင်း၊
စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် (၁၉) မြို့နယ်တို့၌လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ
မြို့နယ် (၁၅) မြို့နယ်နှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၁၇) မြို့နယ်တို့၌လည်းကောင်း၊
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၈) မြို့နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်
၃ မြို့နယ်တို့၌လည်းကောင်း ဆေးရုံများ၊ ဆေးခန်းများနှင့် ဆေးရုံးဝန်းအတွင်း/ အပြင်
သန့်ရှင်းရေးဆောင်ရွက်ပေးခြင်း၊ ခြင်၊ ယင်ပိုးမွှားများ ပေါက်ဖွားမှုမရှိစေရန် ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများ
ဆောင်ရွက်ပေးခြင်း၊ဘုရား၊စေတီပုထိုးများ၊ ဘုန်းတော်ကြီး ကျောင်းများ၊ ဌာနဆိုင်ရာအဆောက်အဦများ၊
အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များ၊ ဘိုးဘွားရိပ်သာများ၊ ဈေးများ၊ ပန်းခြံများနှင့်
လမ်း၊ တံတားများ၌ ဒေသခံပြည်သူများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ စည်ပင်သာယာရေးအဖွဲ့များ၊
ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ တပ်မတော်သားများ၊
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ခြင်ခိုအောင်းနိုင်သော ချုံနွယ်များ၊
ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရေး
ရေနုတ်မြောင်းများ တူးဖော်ပေးခြင်းများကို ဆောင်ရွက်ပေးကြသည်။
ယင်းသို့
ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊
တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့်တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး
လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။




No comments:
Post a Comment