ရန်ကုန် သြဂုတ် ၃၀
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ယနေ့နံနက်ပိုင်းတွင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)၌ ပါမောက္ခချုပ်၊ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ်
အစည်းအဝေးခန်းမ၌ ပါမောက္ခချုပ်က နှုတ်ခွန်းဆက်စကားပြောကြား၍ စာပေပညာဌာန၊ ဂီတပညာဌာန၊
သဘင်ပညာဌာန၊ ပန်းချီပညာဌာန၊ ပန်းပုပညာဌာန၊ ရုပ်ရှင်နှင့်ပြဇာတ်ပညာဌာန၊ ယဉ်ကျေးမှုအမွေအနှစ်စီမံခန့်ခွဲမှုပညာဌာနတို့မှ
ဌာနမှူးများ၊ တာဝန်ခံများက ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီးက အမှာစကားပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် စာကြည့်တိုက်၌ ဘွဲ့လွန်စာကြည့်တိုက်
စီမံခန့်ခွဲမှုပညာ ဒီပလိုမာသင်တန်းအမှတ်စဉ် (၁၀) မှ သင်တန်းသားသင်တန်းသူများနှင့်တွေ့ဆုံ၍
သင်ကြားရေးဆိုင်ရာများကို မေးမြန်းဆွေးနွေးပြီး စစ်တွေမြို့မှ ရောက်ရှိလာသော မိုခါမုန်တိုင်းဒဏ်ကြောင့်ပျက်စီးသွားသည့်
သစ်ပင်ကြီးများ၏ သစ်မြစ်ဆုံများအား ပန်းပုရုပ်များဖန်တီး နိုင်ရန် နေရာချထားမှုများကို
ကြည့်ရှုစစ်ဆေးသည်။
သတင်းစဉ်
No comments:
Post a Comment