Thursday, July 13, 2023

ပုသိမ်ခရိုင်တွင်ပြုလုပ်သည့် ဒေသတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSMEs) ထုတ်ကုန်ပြပွဲအား တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်

ပုသိမ် ဇူလိုင် ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်တွင် ဒေသတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း(MSMEs) ထုတ်ကုန်ပြပွဲဖွင့်ပွဲ အခမ်းအနားအား ယမန်နေ့ နေ့လည်ပိုင်းက  ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ရှေးဦးစွာဒေသတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSMEs) ထုတ်ကုန်ပြပွဲမုခ်ဦးအား တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တိုင်းဒေသကြီးစီးပွား ရေးရာဝန်ကြီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့မှ  ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ခန်းမအတွင်း ပြသထားသည့် စက်မှုလယ်ယာပြခန်း၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနပြခန်း၊ ခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနပြခန်း၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနပြခန်း၊ ခရိုင်သစ်တောဦးစီးဌာနပြခန်း၊ ခရိုင်မီးသတ်ဦးစီးဌာနနှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနပြခန်း၊ ခရိုင်ပညာရေးဌာနနှင့် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနပြခန်း၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ခရိုင် တိုင်းရင်းဆေးပညာဦးစီးဌာနပြခန်း၊ Nurture Group ပြခန်း၊ ငပုတောမြို့နယ် ဒေသထွက်ကုန်များပြခန်း၊ သာပေါင်းမြို့နယ် ဒေသထွက်ကုန်များပြခန်း၊ ကန်ကြီး ထောင့်မြို့နယ် ဒေသထွက်ကုန်များ အရောင်းပြခန်း၊ ပုသိမ်မြို့နယ် ဒေသထွက်ကုန်များ အရောင်းပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။ အဆိုပါ ပြပွဲအား အများပြည်သူများ လေ့လာနိုင်ရန် ယနေ့မှ (၁၅)ရက်နေ့အထိ ပြသွားမည်ဖြစ်ပြီး ပြခန်းပေါင်း( ၁၅)ခန်း ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)

No comments:

Post a Comment