နေပြည်တော် ဇူလိုင် ၂၇
MRTV DTH စနစ်တွင် ရုပ်သံလိုင်းများထည့်သွင်းထုတ်လွှင့်နိုင်ရန် Request For Proposal တင်သွင်းသည့် ကုမ္ပဏီများကအဆိုပြုလွှာများ ရှင်းလင်းတင်ပြခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တက်ရောက်
ရှင်းလင်းတင်ပြပွဲသို့
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊
အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများနှင့် Forever Group Co.,Ltd ၊ ABC Content Solution Co.,Ltd ၊ New Image
Trading Co.,Ltd တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှင်းလင်းတင်ပြပွဲတွင် ပြည်ထောင်စုဝန်ကြီး
ဦးမောင်မောင်အုန်းက ယခုကဲ့သို့မီဒီယာကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ပေးသည့်အတွက်
ကျေးဇူးတင်ရှိပါကြောင်း၊ ယခုအစီအစဉ်များကို အရည်အသွေးကောင်းကောင်း၊ အဆင့်အတန်းရှိရှိနှင့်
ပြည်သူလူထုစိတ်ဝင်စားသည့် Channel အစီအစဉ်များ ဖြစ်စေလိုပါကြောင်း ပြောကြားသည်။
ထို့နောက်
MRTV DTH Platform (Direct to Home) စနစ်တွင် ရုပ်သံလိုင်းများ ထည့်သွင်းပြသခွင့်ပြုနိုင်ရေး
စိစစ် ရွေးချယ်ရေးကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးဦးရဲတင့်က ယခုတင်သွင်းလာသည့် ကုမ္ပဏီများ၏ရှင်းလင်းတင်ပြချက်များအပေါ်
စိစစ်ရေးကော်မတီအကဲဖြတ် အဖွဲ့ကစိစစ်ရွေးချယ်နိုင်ရေး လုပ်ငန်းစဉ်အတိုင်းစိစစ်၍ သုံးသပ်တင်ပြသွား
မည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက်
Forever Group Co.,Ltd မှ တာဝန်ရှိသူများက Forever Guoup မှ မိမိတို့၏ Digital
Free to Air အခမဲ့ ရုပ်သံလိုင်းများဖြစ်သော မဟာဗောဓိ၊ MRTV – 4 ၊ Channel 7 နှင့်
Readers Channel ရုပ်သံလိုင်းများကို မြန်မာနိုင်ငံတစ်ဝန်းလုံးသို့ ပိုမိုပျံ့နှံ့ရောက်ရှိစေရန်
မြန်မာ့အသံနှင့်ရုပ်မြင်သံကြားက လက်ရှိထုတ်လွှင့်နေသော DVB/T-2 စနစ်တွင် ထုတ်လွှင့်နေသော
Channel နှစ်ခုအပြင် Channel နှစ်ခု ထပ်တိုးပြီး Channel လေးခုအား MRTV DTH
Platform (Direct to Home) စနစ်တွင် ထည့်သွင်းထုတ်လွှင့်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း
ရှင်းလင်းတင်ပြသည်။
ဆက်လက်၍
ABC Content Solution Co.,Ltd မှ တာဝန်ရှိသူက တင်သွင်းလျှောက်ထားလိုသည့် HD ရုပ်သံလိုင်းနှစ်လိုင်းမှာ
Mahar Variety Channel နှင့် Mahar Esports Channel တို့ဖြစ်ပါကြောင်း၊ အရည်အသွေးမြင့်သော
အနုပညာထုတ်ကုန်များကို ဦးစားပေးထုတ် လုပ်သွားမည်ဖြစ်ပြီး ပရိသတ်ရှေ့မှောက်သို့ အချိန်နှင့်တစ်ပြေးညီ
ဖျော်ဖြေမှုနှင့် သတင်းအချက်အလက်များ ရောက်ရှိရမည်၊ ပြည်တွင်းရုပ်သံ ထုတ်လွှင့်မှုမှသည်
ပြည်ပရောက် မြန်မာနိုင်ငံသားများအထိ ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ပါကြောင်း၊
Electronic Media ခေတ်တွင်နိုင်ငံတကာနှင့်တန်းတူ မြန်မာနိုင်ငံကိုယ်စားပြု Esport
Channel တစ်ခု ပေါ်ပေါက်လာစေမည်ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြသည်။
New
Image Trading Co.,Ltd မှ တာဝန်ရှိသူကလည်း MRTV DTH တွင် ဖျော်ဖြေရေးရုပ်သံလိုင်းတစ်ခု
ထည့်သွင်းထုတ်လွှင့်လိုပါကြောင်း၊ မိမိတို့ရုပ်သံလိုင်းအနေဖြင့် မြန်မာပြည်တွင်းရုပ်ရှင်ရုံများ၏တိုးတက်နှုန်းနှေးကွေးလာခြင်းအပေါ်
တတ်အားသရွေ့ အားဖြည့် သွားမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့သော တီထွင်ဆန်းသစ်မှု
နှင့် ပရောဂျက်ဝန်ဆောင်မှုများကိုရှာဖွေနေသည့် ဖောက်သည်များအတွက် ပထမဦးဆုံးသော ရွေးချယ်မှုဖြစ်လာရန်၊
ထိပ်တန်းရုပ်ရှင်နှင့်ဖျော်ဖြေရေးနေရာအဖြစ် မြန်မာနိုင်ငံတစ်ဝန်း အသိအမှတ်ပြုခံရစေရန်
ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြသည်။
ဖြည့်စွက်ဆွေးနွေး
ထို့နောက်
စိစစ်ရွေးချယ်ရေးကော်မတီအဖွဲ့ဝင် အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်နှင့် ညွှန်ကြားရေးမှူးချုပ်
ဦးရဲနိုင်တို့ကအစီအစဉ်၊ နည်းပညာနှင့်ဘဏ္ဍာရေးကဏ္ဍများအလိုက် ဖြည့်စွက် ဆွေးနွေးကြပြီး
ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။
မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသည်
ရုပ်သံနှင့် ရေဒီယို/အက်ဖ်အမ်အစီအစဉ်များကို နေ့စဉ်ထုတ်လွှင့်လျက်ရှိရာ ရုပ်သံအစီအစဉ်များကို
DVB/T-2 စနစ်ဖြင့် ထုတ်လွှင့်မှုအပြင် DTH စနစ်ဖြင့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစတင်၍
In-house Channel များဖြင့်သာ ထုတ်လွှင့်ခဲ့ရာမှယခုအခါပုဂ္ဂလိက Channel များလည်း
ထည့်သွင်းထုတ်လွှင့်မှုဖြင့် ရုပ်သံမီဒီယာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီစဉ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်းသိရ
သည်။
သတင်းစဉ်

No comments:
Post a Comment