ပွင့်ဖြူ ဇူလိုင် ၂၆
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ၂၀၂၃ - ၂၀၂၄ ခုနှစ် ၊ မိုးစပါးစိုက်ပျိုးရာသီတွင် ဒေသတွင်းရှိ မိုးစပါး စိုက်ပျိုးတောင်သူများ သီးနှံအထွက်နှုန်း တိုးတက်ကောင်းမွန်စေရေး စိုက်ပျိုးနည်းစနစ် မှန်ကန်စွာစိုက်ပျိုးနိုင်စေရန်နှင့် သွင်းအားစုစိုက်ပျိုးစရိတ် ကုန်ကျမှုသက်သာစေရန် ရည်ရွယ်၍ ကောက်စိုက်စက် တွဲဖက်သုံး(၁၀)တန်းသွား မျိုးစေ့ချကိရိယာဖြင့် တောင်သူပညာပေး မိုးစပါးစိုက် ပျိုးသရုပ်ပြပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာ တောင်သူ ဦးကြည်ဝင်း ၏ ကွင်းအမှတ် (၉၁၀)ရှိ မိုးစပါးစိုက်လယ်မြေ၌ကျင်းပပြုလုပ်ရာ မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင် တက်ရောက်ကြည့်ရှုအားပေးကာ မိုးစပါးသီးနှံ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါ
တောင်သူပညာပေးသရုပ်ပြပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က တောင်သူများ အနေဖြင့်
မိုးသီးနှံများ စိုက်ပျိုးရာတွင် စိုက်ပျိုးသည့်သီးနှံများအလိုက် တစ်ဧက ပန်းတိုင်းအထွက်နှုန်း
ရရှိရေးကို အလေးထား ဆောင်ရွက်ကြစေလိုကြောင်း၊ အလားတူ မိုးစပါးသီးနှံများ စိုက်ပျိုးရာတွင်လည်း
သီးနှံအထွက်နှုန်းများ ကောင်းမွန်စေရန် မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးရန်လိုအပ်သလို
စိုက်နည်း စနစ်များ မှန်ကန်စေရန်လည်း လိုအပ်ပါကြောင်း၊ ယခုကဲ့သို့ ကောက်စိုက်စက်များ
အသုံးပြု၍ စိုက်ပျိုးခြင်းသည် တောင်သူများ၏ သွင်းအားစု စိုက်ပျိုးစရိတ် ကုန်ကျမှုကိုများစွာ
သက်သာ စေသည့်အပြင် စိုက်နည်းစနစ်မှန်ကန်၍ အထွက်နှုန်းများ တိုးတက်ကောင်းမွန်စေမည်ဖြစ်ကြောင်း၊
စိုက်ပျိုးရေးနည်းပညာများ တိုးတက်ပြောင်းလဲလာသည့်အလျောက်
တောင်သူများအနေဖြင့် စိုက်ပျိုး ရေးနှင့်ပတ်သက်သော နည်းပညာများကို ရှာဖွေလေ့လာကာ
စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများ ဖြစ်သည့် သဘာဝမြေဩဇာ၊ သဘာဝအပင် ဖြစ်ဆေး၊ သဘာဝအပင်အားဆေးများကို
ကိုယ်တိုင်းပြု လုပ်သုံးစွဲခြင်းဖြင့် ကုန်ကျစရိတ်များ သက်သာ၍ သီးနှံဝင်ငွေ ပိုမိုရရှိစေနိုင်ကြောင်းနှင့် စိုက်ပျိုးရေးနည်း စနစ်များ၏ ကွာခြားချက်၊ အားနည်းချက်၊ အားသာချက်များကို တောင်သူပညာပေး
ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပွင့်ဖြူမြို့နယ်
အမှတ်(၄၆)စက်မှုလယ်ယာ ဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာ
တောင်သူဦးကြည်ဝင်း၏ ကွင်းအမှတ်(၉၁၀)ရှိ မိုးစပါးစိုက် လယ်မြေ၌ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းနှင့် ကောက်စိုက် စက်ဖြင့်
တွဲဖက်သုံး (၁၀)တန်းသွာ မျိုးစေ့ချကိရိယာဖြင့် တောင်သူပညာပေး လက်တွေ့မိုးစပါးစိုက်ပျိုး
သရုပ်ပြသနေမှုအား ကြည့်ရှုအားပေးကာ မိုးစပါးသီးနှံ လျာထားဧကပြည့်မီစေရေးနှင့် ဒေသခံ တောင်သူများ အဆင်ပြေစွာစိုက်ပျိုးနိုင်ရေးအတွက်
လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင် ရေး သက်ဆိုင်ရာတာဝန်ရှိသူများကို
ဆွေးနွေးမှာကြားသည်။
အဆိုပါ
တောင်သူပညာပေး သရုပ်ပြပွဲသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်
အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊
ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )






No comments:
Post a Comment