နေပြည်တော် ဇူလိုင် ၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့်ဒေသများကို
သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ်ကြေညာချက်များ
ထုတ်ပြန်၍ ယင်းကြေညာချက်များပါ ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ
ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို
ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။
ထိုသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက်
ခန့်အပ်တာဝန်ပေးအပ်ထားရှိရာ ယနေ့တွင် ချင်းပြည်နယ်၊ ဟားခါးမြို့သို့ ရောက်ရှိနေသော
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်သည် ဌာနဆိုင်ရာ
တာဝန်ရှိသူများနှင့်အတူ ချင်းပြည်နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနခန်းမ၌
ပြုလုပ်သော မုန်တိုင်းကြောင့်ပျက်စီးသွားသည့် လူနေအိမ်အဆောက်အဦ ၉၂၆ လုံးအတွက်
သွပ်၊ သံ၊ သစ်ထောက်ပံ့ပေးအပ်ပွဲကို တက်ရောက်အမှာစကားပြောကြားပြီး ပျက်စီးသွားသော
လူနေအိမ်အဆောက်အဦများအတွက် ထောက်ပံ့ငွေများ ပေးအပ် သည်။
အလားတူ ဘူးသီးတောင်မြို့သို့ရောက်ရှိနေသော
ကာကွယ်ရေးဦးစီးချုပ် ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ
မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ပြုလုပ်လျက်ရှိသည့်
(၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် (အကြို) ကဗျာပြိုင်ပွဲနှင့် KG
ကလေးငယ်များ ကာယညာဏစွမ်းရည်ပြိုင်ပွဲ ကျင်းပနေမှုအား သွားရောက်ကြည့်ရှုအားပေးပြီး
ကလေးငယ်များအား အာဟာရဖြည့်စွက်စာနှင့် ကျောင်းသုံးဗလာစာအုပ်များ ပေးအပ်သည်။
ယင်းနောက် ပြည်သူ့စာကြည့်တိုက်၌ စာအုပ် စာစောင်များ ခင်းကျင်းပြသထားရှိမှု၊
ထားသိုမှုစနစ်များနှင့် ပြတိုက်ငယ် (MiniMuse) နှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံများပြသထားရှိမှုအား
လိုက်လံကြည့်ရှုခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ
ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့အတူ မြောက်ဦးမြို့သို့ရောက်ရှိနေသည့် ဗိုလ်ချုပ်သောင်းထိုက်ရွှေသည်
ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အောင်တပ်ရပ်ကွက်၊ မြောက်ဦးရွှေမင်းသမီး
မွေးမြူရေးခြံရှိ နို့စားနွား၊ ဥစားကြက်နှင့်ဆိတ်များအား မွေးမြူထားရှိမှုတို့ကို
သွားရောက်အားပေးကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
အလားတူ စစ်တွေမြို့သို့ရောက်ရှိနေသော ဗိုလ်မှူးချုပ်အောင်ကျော်မိုးသည်
ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ရခိုင်ပြည်နယ်ဘိုးဘွားရိပ်သာရှိ အဘိုး၊ အဘွားများ၊
မိခင်နှင့်ကလေးစောင့်ရှောက်ရေးမူလတန်းကြိုကျောင်းရှိ ကလေးငယ်များ၊ ABC
မိဘမဲ့ဂေဟာကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား
စားသောက်ကုန်ပစ္စည်းများ နှင့် ရိက္ခာဆန်အိတ်များအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း
သတင်းရရှိသည်။


No comments:
Post a Comment